Part.6

182 4 0
                                    

Part.6

အချစ်ဆိုတာ မထင်မှတ်ပဲ ဖြစ်ပေါ်လာပြီး
တိတ်တဆိတ် နာကျင်ရတတ်တယ်...

မ က သူ့မှာ ချစ်သူရှိနေပြီဖြစ်ကြောင်း
ခိုင့်ကို ပွင့်ပွင့်လင်းလင်း ပြောမပြခဲ့ပါဘူး
မ ဘာတွေတွေးနေလဲဆိုတာကိုလည်း
ခိုင် သေချာ မသိခဲ့ပါဘူး....

အဟတ်... အလုပ်ထဲက ကောင်မလေးတွေ
ပြောနေတာကြားတာကတော့ မ မကြာခင်မှာ
မင်္ဂလာဆောင်တော့မယ်တဲ့လေ....

မ တစ်ယောက်ထဲနဲ့ပဲ အပေါင်းအသင်းလုပ်ခဲ့မိတဲ့ ခိုင့် မှာ အကြီးအကျယ် ဒုက္ခတွေ
ရောက်ရပါတယ်....

မကို ပြောချင်နေတဲ့စကားတွေ အများကြီး
ရှိနေပါသေးတယ် ဒါပေမဲ့
မပြောဖြစ်တော့ပါဘူး

ဒီနေ့ မ ရဲ့ မင်္ဂလာဆောင်နေ့
ခိုင့် ကို မဖိတ်ခဲ့ပါဘူး အဲဒီနေ့မှာ
ခိုင် အသည်းအသန်ဖျားပါတော့တယ်
တစ်ညလုံးလည်း ငိုနေမိတယ်

ဒီလိုနဲ့ပဲ မ ဟာ ခိုင့်ကို လုံးဝ နှုတ်မဆက်ပါပဲ
ခိုင့်ဘဝထဲကနေ တိတ်တိတ်လေး
ထွက်သွားခဲ့ပါတယ်
မ က အိမ်ထောင်ကျပြီးတာနဲ့
အလုပ်ပါ ထွက်သွားခဲ့တာလေ...

မ.. မတရားဘူးနော်လို့ ခိုင့်မှာ ပြောပိုင်ခွင့်
မရှိခဲ့ပါဘူး...
မ မသိခဲ့တဲ့ အချစ်တွေကိုလည်း
ခိုင် တစ်သက်လုံးပဲ
သိမ်းထားလိုက်ပါတော့မယ်...

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Where stories live. Discover now