Part. 7

176 4 0
                                    

Part. 7

မင်္ဂလာဦးညမှာ နွေ မပျော်နိုင်ခဲ့ပါဘူး
အဲဒီကလေး နွေ့အပေါ်မှာ
ဘယ်လောက်သံယောဇဥ်ရှိလဲ
နွေ အသိဆုံးပါ ဒါပေမဲ့
မဖြစ်နိုင်တဲ့ တစ်ချို့သောသံယောဇဥ်က
မသိချင်ယောင်ဆောင်တာ အကောင်းဆုံးပါပဲ
နွေက စာမတတ်သလို ဘာပညာမှလည်း
မတတ်ပါဘူး အဲဒါကြောင့်မို့
တစ်ဘဝစာ အားကိုးလို့ရမယ့် ယောင်္ကျားတစ်ယောက်နဲ့ပဲ လက်ထပ်ခဲ့တာပါ
အဲဒီအတွက် နွေလည်း နာကျင်ရပါတယ်
ဒီအချိန်မှာ ကလေးငိုနေမယ်ဆိုတာ
သိပါတယ် အခိုက်အတန့်ပဲ ခံစားပါ
ကလေးရယ်.... မ လည်း ကလေးကို
ချစ်ပါတယ် ဒါပေမဲ့ မဖြစ်နိုင်လို့ပါ
မ ကို ကလေး နာကျည်းစွာနဲ့ မေ့ပစ်လိုက်ပါ
ကလေး ခံစားနေရမှာ စိုးရိမ်လို့
မ ကလေးကို ဘာမှ မပြောပြခဲ့တာပါ

မင်းကိုချစ်တာ
ရင်ထဲကမို့
ရင်ထဲမှာပဲ
သိမ်းထားတော့မယ်....

မ ပေးတဲ့ သင်ခန်းစာက
ခိုင့်ဘဝတစ်ချို့ကို ပြောင်းလဲပေးခဲ့တယ်
အခုဆိုရင် တစ်ယောက်တည်းနဲ့
သီးသန့်မပေါင်းတော့ပဲ
အလုပ်ထဲက အစ်မတွေနဲ့ရော ညီမတွေနဲ့ပါ
ပြေလည်အောင် ဆက်ဆံပြီးနေထိုင်တယ်

ချစ်ခင်ရတဲ့သူတွေနဲ့ တစ်ယောက်ပြီးတစ်​ယောက်
ခွဲရတာက ခိုင့်ရဲ့ ကံကြမ္မာလိုကို ဖြစ်နေပါပြီ

" နင့်နာမည်က ခိုင်ဇင်သက်လား....?

အသားဖြူစွတ်နေတဲ့ ကောင်မလေးတစ်ယောက်က လာမေးတာပါ
သူ့မျက်ခုံးမွှေးလေးတွေက အရမ်းလှပြီး
သူ့နှုတ်ခမ်းလေးက ပန်းနုရောင်လေး
သန်းနေတယ်....

" ဟုတ်တယ်
" နင်က ဘယ်သူလဲ...?

" ငါ့နာမည်က ချယ်ရီမေ မနေ့ကမှ ကူမဲကနေ
ဒီရောက်တာ..
ပြန်သွားတဲ့ ဇာနည်မ ကို သိတယ်မို့လား
သူက
ဒီရောက်ရင် နင်နဲ့ပဲ အပေါင်းအသင်းလုပ်ရမယ်လို့ ငါ့ကို မှာလိုက်လို့

#သြော်......

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Where stories live. Discover now