တောင်းပန်လွှာ

130 0 0
                                    

တောင်းပန်လွှာ

စိတ်ကူးသက်သက်လို့ဆိုပေမယ့်
ဒီဇာတ်လမ်းလေး မညားလို့ဆိုပြီး
စာရေးသူကို အပစ်မ​မြင်ပါနဲ့နော်
မညားရတဲ့ အကြောင်းပြချက်တွေ
အခိုင်အမာ ရှိနေလို့ပါ

ခိုင်သဇင်သက် ဘဝအာမခံချက် မရှိတဲ့သူ
ဇာနည်မ ကျောင်းသူ
ချယ်ရီမေ သာမာန် လက်လုပ်လက်စားဘဝ

ခြုံကြည့်ရင် သုံးယောက်စလုံးက
ကိုယ့်ဘဝကိုယ် မပိုင်ကြဘူး
အခက်အခဲတွေ အများကြီးကြုံနိုင်သေးတယ်

ဒါကြောင့်...
ချစ်လျက်နဲ့ လမ်းခွဲရတဲ့အနေအထားနဲ့
ဇာတ်သိမ်းပါတယ်

အဓိကက...
သုံးယောက်စလုံးက
တစ်ယောက်ကို တစ်ယောက်
တစ်ကယ်ချစ်ခဲ့မိကြတယ်
တစ်သက်တာ အမှတ်တရတွေကိုလည်း
မှောင်ပါပဲလေးနက်စွာ ဖန်တီးခဲ့ကြတယ်
အတိတ်ကိုပြန်တွေးရင်...
သုံးယောက်စလုံးအတွက် နောင်တရှိနေဘူး
ကြည်နူးဆွံ့ပြန့်ဖွယ် အမှတ်တရကောင်းတွေ
ရှိနေခဲ့ကြတယ်...
တစ်ခါတစ်လေတွေးရင်း ပြုံးနေကြမယ်
တစ်ခါတစ်လေငေးရင်း မျက်ရည်ကျမယ်
ချန်ရစ်သူနဲ့ ကျန်ရစ်သူကြားမှာ
သေချာတာကတော့
သုံးယောက်စလုံး
ဘယ်သူမှ ထပ်ပြီး ချစ်သူအသစ်
ထပ်မထားကြတော့တာပါပဲလို့......

အောင်မြင်ခြင်း ဆိုတဲ့
ကဗျာစာစုလေးကို ဝင်ဖတ်ပေးကြပါဦး
စာရေးသူအနေနဲ့ ဝါသနာကို အခြေခံပြီး
နှလုံးသားနဲ့ရင်းလို့ အချိန်တွေပေးပြီး
ရေးထားတာမို့ပါ....
တစ်ခါတစ်လေ
စာသင်ခါနီး ကဗျာရေးနေမိလို့
ဆရာ့ရှေ့ရောက်ရင် ကျက်ထားတဲ့
စာတွေ မေ့မေ့သွားလို့ အဆူခံရဖူးပါတယ်...
အပုဒ်ရေ ၁၀၀ ပြည့်ရင် ဇာတ်သိမ်းပါမယ်
နောက်ပိုင်းရောက်ရင်
ဘာသာရေး....
လူမှုရေး...
အချစ်ရေး....
စုံအောင်မျှပြီး ရေးပါမယ်....
Vote တွေ Comment တွေ
မရဖူးသေးပေမယ့်
ချစ်စရာ စာသားလေးတွေရေးပြီး
ရှင်သန်နေပါဦးမည်
စာဖတ်ပရိတ်သတ် တစ်ယောက်ခြင်းဆီကို
လေးစားလျက်

မြသရဝဏ်ခိုင်

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Where stories live. Discover now