Part .13

158 4 0
                                    

Part.13

"မမ... သားသား လ္ဘက်သုပ်စားချင်တယ်

"ည ၇ နာရီထိုးနေပြီ အိပ်မပျော်ပဲနေလိမ့်မယ်
နောက်နေ့မှစားနော် သားသား

" ဟင့်အင်း...
သားသားက ခု စားချင်တာ
သုပ်ပေးပါနော် မမ...

ကိုယ့်ရဲ့လက်ကို သူ့ရဲ့လက်သေးသေးလေးနဲ့
လာဆုပ်ကိုင်ပြီး ချွဲနေတဲ့ သားလေး
မောင်ခန့်ပိုင်...
ဘာလိုလိုနဲ့ ခိုင်... ဒီကလေးလေးကို
စောင့်ရှောက်ခွင့်ရခဲ့တာ ၄ နှစ်တောင်မှ
ကျော်ခဲ့ပြီ... သူ့ကို မွေးခါနီး ၁ လလောက်
အလိုမှာကတည်းက ခိုင် ဒီအိမ်ကြီးပေါ်
ရောက်လာခဲ့တာလေ... သူ့အမေက
စီးပွားရေးသမားဆိုတော့ သူ့ကိုမွေးပြီး
ကိုယ်တိုင်မစောင့်ရှောက်နိုင်ဘူး
အဲဒါကြောင့် ကလေးချစ်တတ်တဲ့
ခိုင့်ကို အဲဒီအစ်မက လှမ်းခေါ်ထားခဲ့တာ
တစ်နှစ်ပဲနေမယ်လို့ ဆုံးဖြတ်ထားခဲ့ပေမယ့်
ဒီကလေးသံယောဇဥ်နဲ့ ကိုယ့်အိမ်ကို
မပြန်ဖြစ်သေးတာ

ကလေးရဲ့ ပုခုန်းနှစ်ဖက်ကို လက်နှစ်ဖက်နဲ့
ညင်သာစွာကိုင်ထားပြီး ကိုယ်
ခါးလေးကိုင်းပြီး ပြောမိတာက

" သားသား
မမ ပြောမယ် သေချာနားထောင်နော်
ကလေးဆိုတာ ညဘက် လ္ဘက်သုတ်မစားရဘူး ဗိုက်နာတတ်တယ် ပြီးတော့
ညဘက်အိပ်မပျော်ဖြစ်တတ်တယ်
အိပ်မပျော်ရင် ကျန်းမာရေး
ထိခိုက်တတ်တယ် သားသား
ကျန်းမာရေးကောင်းမှ လုပ်ချင်တာတွေ
မြန်မြန်လုပ်လို့ရမှာ
ဟုတ်ပြီနော်... အဲဒါကြောင့်
အခု သားသား စာကျက်ရင်းစားဖို့
မမ အာလူးကြော်ပေးမယ် ok လား...?

" ဟုတ်ကဲ့မမ ok"

" အင်း.. အဲဒါဆိုရင် ခဏစောင့်နော်သားသား

"ဟုတ်ကဲ့"

အာလူးကို ​မြန်မြန်အခွန်နွှာပြီး
အချောင်းလေးတွေ လှီးလိုက်တယ်
ပြီးတော့ ဆားနဲ့ ကြက်သားမှုန့်နည်းနည်း
ထည့်နယ်ပြီး ကြော်လိုက်တယ်
လှပတဲ့ အားလူးချောင်းကြော်တစ်ပွဲ
ရပါပြီ
အချဥ်ထည့်ဖို့ နှစ်ကန့်ပါတဲ့ ပန်းကန်လေးတစ်ခု ယူလိုက်တယ် ပြီးတော့
Mayo! တစ်ကန့် ခရမ်းချဥ်ဆော့ တစ်ကန့်
ထည့်ပေးလိုက်တယ် သားသား ကြိုက်တာနဲ့
စားဖို့ပေါ့...

" ကဲ.... သားသားရေ... အာလူးကြော်ရပြီနော်

" ဝေါင်း.... အာလူးကြော်က မွှေးနေတာပဲ
စားမယ် စားမယ်...
ဒီကမ္ဘာပေါ်မှာ မမက သားသားအပေါ်မှာ
အကောင်းဆုံးပဲ....

" အောင်မယ်လေး လာချွဲနေတယ်
ခုဏတုန်းကတော့ ရုပ်ကတစ်မျိုး.."

" ဟီီး ဟီး မမကလည်း..."

"ကဲ စားပြီးရင် စာသေချာလုပ်နော်
မမ ဘုရားခန်းသွားပြီး
ပဌာန်းရွတ်လိုက်ဦးမယ်...

" ဟုတ်ကဲ့ မမ "
...........

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Where stories live. Discover now