Part. 16. ၂

168 6 0
                                    

Part. 16.၂

ဇာ... အဝတ်အစားတွေထည့်ပြီး ငိုနေမိတယ်
ညတုန်းကလည်း ခိုင် တို့နဲ့ သွားအိပ်ဖြစ်ပါတယ် ဒါပေမယ့်
စကားတစ်ခွန်းမှ မပြောဖြစ်တော့ဘူး
ညက တစ်ညလုံးအိပ်မပျော်လို့ ခိုင့်ကိုပဲ
တစ်စိမ့်စိမ့်ကြည့်နေမိတယ်....
မနက်မိုးလင်းလာတော့ ခေါင်းကိုက်လိုက်တာ
ပြောမနေနဲ့တော့....
ဟန်မဆောင်နိုင်ပဲ ကိုယ့်ခေါင်းကို လက်နဲ့
နှိပ်မိတော့ ခိုင်က နိုးလားပြီး အလိုက်သိစွာနဲ့
ဇာ့ ကို နှိပ်ပေးလာတယ်...
ဇာ မကြည်နူးနိုင်ပါဘူး မနေ့ကအဖြစ်ကို
တွေးပြီး ဝမ်းနည်းမိလို့ မျက်ရည်တွေ
အလိုလိုကျလာပြန်တယ်....

ခိုင့်ဆီက နှစ်သိမ့်မှုတွေလည်း
မလိုချင်တော့ပါဘူး... အဲဒါကြောင့်
ရုတ်တရက် ထလိုက်မိတော့
ခိုင်က ဇာ့လက်ကို လှမ်းဆွဲလိုက်တယ်
တစ်ခုခု ပြောနေချင်ပုံပါပဲ...
ဒါပေမယ့်....
ဇာ နားမထောင်ချင်တော့ဘူး
နားမထောင်ချင်​တော့ဘူးဆိုတာထက်
နားထောင်နိုင်ဖို့ စွမ်းအားတွေကို မရှိတော့တာမို့ပါ အဲဒါကြောင့် ခိုင့် လက်ကို ဖြုတ်ချပြီး
ပြေးထွက်လာခဲ့တယ်.....

" ဇာ.... နင်ဒီနေ့ တကယ်ပြန်တော့မှာလားဟင်....

" အင်းလေ... ဒါကြောင့် အဝတ်တွေထည့်နေတာ နင် မတွေ့ဘူးလား ခိုင်...

" ကျောင်းဖွင့်ဖို့ နောက်ထပ် ငါးရက်လောက်
လိုသေးတယ် မဟုတ်လား... ဟင်....

" ဟုတ်တယ်လေ... ဘာလို့လဲ ခိုင်....

" ဇာ... ရယ်...  မရစ်ပါနဲ့ဟာ...
ငါ ဘာကိုဆိုလိုတာလဲ နင် သိပါတယ်....

" မသိဘူး....

" ဇာ.... ထပ်နေပါဦးလားဟာ...

" ဟင့်အင်း.... မနေချင်တော့ဘူး ခိုင်....
ငါ့ကို ငြင်းထားတဲ့လူနဲ့ တစ်အိမ်ထဲမှာ ဆက်ပြီးနေဖို့ ငါ့အသည်းက အဲလောက်မာမနေဘူး
ခိုင်....

ခိုင် သက်ပျင်းချလိုက်မိတယ်....

" ဘာလဲ...ခိုင်... နင်ငါ့ကို နှုတ်ဆက်အနမ်း
လာပေးတာတော့ မဟုတ်လောက်ပါဘူးနော်..

" နင် ဘယ်လိုထင်လဲ... ဇာ....
ငါက ပေးမယ်ဆိုရင်ရော နင်က လက်ခံမှာလား...?

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Where stories live. Discover now