Part.10

180 4 0
                                    

Part.10

မန္တလေးမြို့ရဲ့ ရာသီဥတုက အရမ်းပူပါတယ်
မီးခဏခဏပျက်တော့ အိမ်ထဲမှာ
နေရတာလည်း သိပ်အဆင်မပြေလှပါဘူး
အာလူးလှမ်းတဲ့ စင်ကြီးပေါ်မှာ ညဘက်ဆိုရင်
လေတဟူးဟူးတိုက်တာမို့
အိပ်ရတာအဆင်ပြေပါတယ် ကျယ်လည်း
ကျယ်တာမို့ သူ့အုပ်စုနဲ့သူ အသီးအသီး
စုအိပ်ကြတယ်ပေါ့ အဲ့ထဲမှာ
ခိုင်နဲ့ မေကတော့ ဘယ်အုပ်စုထဲမှ မပါပဲ
အဟမ်း..😜😋😋 နှစ်ယောက်တစ်တွဲ
သီးသန့်ပါလို့....

ညတစ်ည
လပြည့်ညမို့ လအရမ်းသာနေပါတယ်
အမိုးအကာမရှိတဲ့ စင်ကြီးပေါ်ကနေ
မိုးကောင်းကင်ရဲ့ အလှတရားတွေကို
စာစီဖွဲ့နေရင်း ရင်မှာ ကြည်နူးလာမိတယ်

စိတ်တွေ အရမ်းကြည်လင်နေတာမို့လဲ
မအိပ်ချင်သေးပဲ တစ်ယောက်ယောက်ကို
ရစ်ချင်နေမိတယ်

အိပ်ယာပေါ်မှာ ပက်လက်အနေအထားနဲ့
စောင်အပါးလေး ခြုံအိပ်နေတဲ့ မေ့ကို
ဆွဲထူပြီး

"မေ... ထဦး ငါနင့်ကို မေးစရာရှိတယ်....

" အာ.... မေးစရာရှိရင် ဒီအတိုင်းမေးလေ
ခိုင် ရာ... ငါအိပ်ချင်နေပြီဟ တစ်နေကုန်
အလုပ်လုပ်ထားရတာ ပင်ပန်းပါတယ်ဆို
ညောင်းလဲညောင်းတယ် ထိုင်မနေချင်ဘူး...

" ဘာလဲ မေ နင်က ငါ့ကို ငြိုငြင်တာလား...?
ဘာလဲ ဇာက ငါနဲ့ပေါင်းရမယ်ဆိုလို့သာ
နင်ကငါနဲ့ ပေါင်းတာပေါ့ ဟုတ်လား
နင်က ငါ့ကို တကယ်မခင်ပဲနဲ့လေ..."

ခိုင် စိတ်တိုတိုနဲ့ မေ့ကို ရန်တွေ့မိတယ်
အဲဒီတော့ မေ က မျက်နှာငယ်လေးနဲ့
ခိုင့်ကို ဒီလိုပြောလာတယ်

" အယ်... အဲလို မဟုတ်ဘူးလေ ခိုင်...
ငါနင့်ကို စိတ်ရင်းနဲ့ တကယ်ခင်တာပါဟာ...

" မယုံပါဘူး...

" ယုံပါဟာ...

"မယုံဘူးဆို...

" ယုံပါဆို....

" တော်ပြီ နင်နဲ့စကားမပြောတော့ဘူး
ငါအိပ်တော့မယ် နင်လဲအိပ်တော့
ဒီဘက် လှည့်မလာနဲ့ အမြင်ကိုကပ်တယ်...

ခိုင်ပြောပြီး လှဲအိပ်လိုက်တော့
မေ က ခိုင့်ခေါင့်အုံးပေါ် သူ့လက်
လှမ်းတင်လိုက်လို့  သူ့လက်ပေါ်
အိပ်ချမိသလို ဖြစ်သွားတယ်...

" နင် မယုံရင် ငါ ဘယ်လို သက်သေပြရမလဲ
ခိုင်... ဟင်... ပြောလေ....

မေက ခိုင့် မျက်နှာနား ကပ်ပြီး ပြောလာတာမို့
ခိုင် မျက်လုံးတွေ ပြူးကုန်တယ်
ရင်ထဲမှာလဲ ဗရမ်းဗတာတွေဖြစ်လို့
ပြီးတော့ မေက ခိုင့်ကို အုပ်မိုးထားသလိုကြီး
ဖြစ်နေတာမို့ မေ့ ရင်ဘတ်နဲ့ ခိုင့်မျက်နှာ
အရမ်းကို နီးကပ်နေတယ် မေ့ ကိုယ်သင်းနံ့
လေးကိုလည်း ရှူရှိုက်မိနေတဲ့ အခိုက်အတန့်
ခိုင့်မှာ နှုတ်ဖျားတွေတောင် ဆွံ့အလို့

" ခိုင်....
ပြောလို့... ငါဘယ်လို
သက်သေပြရမလဲ... ဟင်....
ရွှတ်......😘

မေက ပြောရင်း ခိုင့်ပါးလေးကို
နမ်းလိုက်ခြင်း ဖြစ်သည်

" ဟင်... မေ... နင် အဲဒါဘာလုပ်တာလဲ

" နမ်းလိုက်တာလေ...
အနမ်းနဲ့ သက်သေပြလိုက်တာ
မေ... ဆိုတဲ့ ငါက ခိုင်ဆိုတဲ့နင့်ကို
တကယ်စိတ်ရင်းနဲ့ အရမ်းခင်ပါတယ်လို့...
.........

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Where stories live. Discover now