Part.12

165 4 0
                                    

Part.12

သီတင်းကျွတ် ကျောင်း ၁၀ ရက်ပိတ်တော့
ဇာနည်မ မန္တလေးကို ရောက်လာခဲ့တယ်
ချယ်ရီမေနဲ့ ဇာနည်မကြားမှာ
ဗျာများရသူကတော့ ခိုင်သဇင်သက် ဆိုတဲ့
ကိုယ်ပါပဲ.....

နှစ်ယောက်စလုံးက တစ်ယောက်တစ်မျိုးဆီ
သိပ်ချစ်ဖို့ကောင်းနေတာမို့ နှစ်ယောက်ထဲက
တစ်ယောက်ရွေးရမယ်ဆိုရင် ခိုင့်မှာ
ဒုက္ခတွေ ရောက်ရပါလိမ့်မယ်

" ခိုင်.... နင်ငါ့ကို သတိမရဘူးလား...?

"................."

" အင်းပေါ့လေ... ငါ့နေရာမှာ အစားထိုးရမယ့်လူက နင့်အတွက် အဆင်သင့်ရှိနေတာဆိုတော့ ငါ့ကိုနင် သတိမရတာ မဆန်းပါဘူး..

သူ့ဟာသူ မေးခွန်းထုတ်ပြီး သူ့ဟာသူ
ဖြေသွားတဲ့ ဇာနည်မကို ခိုင်..
တစ်ချက် လှမ်းကြည့်လိုက်မိတယ်....

ပြီးတော့ သူ့ကို တစ်ခွန်းထဲပဲ ပြန်မေးလိုက်တယ်

" ဒီအခြေအနေမျိုးဖြစ်အောင်
ဘယ်သူ ဖန်တီးခဲ့တာလဲ...?

ဇာ ခိုင့်ကို ဆတ်ခနဲ တစ်ချက်လှမ်းကြည့်တယ် ခိုင် အမြင်မမှားဘူးဆိုရင်
ဇာ့မျက်ဝန်းမှာ မျက်ရည်တွေဝဲလို့....
ဘာသံမှကို ထပ်ထွက်မလာတော့ဘူး...

ခိုင် စာရင်းစာအုပ်လေးကိုင်ပြီး
ဟိုဘက်တန်းကို ထွက်သွားတာကြည့်ပြီး
ဇာ နေရာမှာတင် ငုတ်တုတ်ကျန်ခဲ့တယ်...

နေ့ခင်းဘက် ထမင်းစားနားတော့
ဇာ မေ့ကို တိုးတိုးလေး လှမ်းမေးမိတယ်

" မေ.. နင်နဲ့ ခိုင့်အခြေအနေက
ဘယ်အဆင့်ထိရောက်နေပြီလဲ...?

" နင် ဘာကို ဆိုလိုချင်တာလဲ ဇာ...?

" ငါ ဆိုလိုတာက နင်နဲ့ခိုင်နဲ့
ချစ်သူတွေ ဖြစ်သွားကြပြီလားလို့....

" အင်း... ဘယ်လိုပြောရမလဲ
ချစ်သူတွေတော့ မဖြစ်သေးဘူးဆိုပေမယ့်...
.........
ထားလိုက်ပါတော့ ငါမကြာခင်
ခိုင့်ကို ဖွင့်ပြောတော့မှာ.....

" ဘာ......
နင့်မှာ ရည်းစားရှိတယ်လေ... မေ....
နင့်ကောင်လေးကို နင်ဘယ်လိုလုပ်မှာလဲ....?

" အဲဒါ ငါ့ကိစ္စလေ ဇာ...
နင်နဲ့ ဘာမှ မဆိုင်ဘူး....

ဇာ ရင်နာရပါသည်....
ဇာ ချစ်တဲ့သူကို သူများကိုလည်း
အပိုင်မပေးချင်သလို ကိုယ်တိုင်ကလည်း
ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားခွင့်မရှိတဲ့
သူတစ်ယောက်ပါ ဇာ့အခြေအနေက
အခုမှ ၈ တန်းကျောင်းသူမို့
ဘာကိုမှ ဆုံးဖြတ်ချက်ချလို့မရတဲ့
အခြေအနေပါ
ဒါကြောင့်လဲ ကျောင်းပိတ်တုန်းလေး
ချစ်ရသူကို ပိုင်ဆိုင်ခွင့်မရပေမယ့်
ရသလောက်အချိန်လေးမှာ ချစ်ရသူနဲ့
နီးနီးကပ်ကပ် နေခွင့်ရဖို့
ကြိုးစား ဖန်တီးမိရုံပါ
အပတ်စဥ် ရောက်ရှိလာခဲ့ဖူးတဲ့
ပန်းရောင် စာရွက်လေးတွေကိုသာ
အမှတ်တရ သိမ်းထားခွင့်ရတော့မှာလား
ခိုင်.... ရယ်.....

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Where stories live. Discover now