အပိုင်း ၁

622 12 20
                                    

အင်မတန်ရိုးသားကြိုးစားလှသည့် ရွာကလေးတစ်ရွာရှိသည်။

ထိုရွာလေးနာမည်က အကြည်ပန်းပလွန်းရွာတဲ့။

ရှေးရိုးအစဥ်အလာကိုသာ လိုက်နာကျင့်သုံးကြပြီး အချင်းချင်းကူညီရိုင်းပင်းကြသည်။
ထိုရွာကလေးတွင် စကားကလေးခပ်ဝဲဝဲဖြင့် ပြောဆိုကြသော သဘောကောင်း၊ မနောကောင်း၊ အပြောကြမ်း၊အဆိုးကြမ်းသည့် ယောသူ ယောသားကလေးများနေထိုင်ကြသည်။

"သော်တာ နန်င်ဖုန်းကြည့်နေပြန်ပြီလား"

အပြောကြမ်း အဆိုကြမ်းဆိုတာကတော့ ဒါပေါ့ဗျာ။

"အမေကလည်းဗျာ ၊ ခဏလေးပါ့ ကြည့်တာပါဗျ"

"ဟဲ့ ဖာအ​မေကလည်းဗျာလဲ ၊ သော်တာ နန်င်က မိန်းခလေးနော် နန်င်ကြည့်ကျပ်က်ပြီးနေ ၊ သားရေ နန်င့်ညီမကို ဆုံးမစမ်းကွယ်"

(ဖာ က ဘာပါနော်  နန်င်က နင် ပါ ကျပ်က် က ကျက်ပါ)

အိမ်ရှေ့ခန်းတွင်ထိုင်ကာဖုန်းကြည့်နေသောသော်တာ့ကို အိမ်ခန်းထဲတွင် အဝတ်ခေါက်နေသည့်အမေက လှမ်းဆူသည်။

"ဆယ်တန်းလေးအောင်လို့ ဖုန်းဝယ်ပေးမိပါတယ် မှားသလားမသိပါဘူးအေ ဖုန်းချဲကြည့်နေတော့တာပါ့"

(ချဲ က ချည်းပါ)

ဆယ်တန်းအောင်လျှင် ဖုန်းဝယ်ပေးမည်ဟု ပြောထားသောအမေသည် ဆယ်တန်းအောင်၍ သူ့စကားတည်သည့်အနေဖြင့် သော်တာ့ကို ဖုန်းတစ်လုံးဝယ်ပေးသည်။

"အမေ့ သမီးကို ကျွန်တော်လည်း မနိုင်ဘူး အမေ"

သော်တာ၏နာမည်အရင်းသည်  နုနုငယ် ဖြစ်သော်လည်း  ယောင်္ကျာလေးလိုနေရတာသဘောကျသူဖြစ်သည်။ ငယ်စဥ်တုန်းက နာမည်မပြောင်းပေးလျှင် ကျောင်းမသွား ဟုဆိုကာ ပေတေနေလေတော့ အမေက  သော်တာနောင်ဆိုသော ယောင်္ကျားနာမည်လည်းမဆိုသာ မိန်းခလေးနာမည်လည်းမရောက်လှသော နာမည်လေးကို ညီမငယ်စိတ်ကျေနပ်အောင်ပေးသည်။

ကျွန်တော့်နာမည်ကတော့ ခန့်ညီနောင်ဖြစ်သည်။
သော်တာနောင်၏အကိုဖြစ်သည်။
အဖေကတော့ ခန့်နောင်တို့ငယ်စဥ်ဘဝထဲက မြွေကိုက်ခံရ၍ ဆုံးပါးသွားခဲ့သည်မို့ အမေကသာ  ခန့်နောင်တို့နှစ်ယောက်လုံးကို ရှာဖွေကျွေးမွေးသည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now