အပိုင်း ၉

34 1 0
                                    

အောက်အီးအီးအွတ်...

အောက်က ကြက်ဖသံကြားလိုက်ရသည်မို့ မင်းမောင်တစ်ယောက် နိုးလာရသည်။အိမ်အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ မနက်အလင်းရောင်သဲ့သဲ့မြင်နေရပြီမို့ အိပ်ရာမှထလိုက်သည်။

အလေးကတော့ ကျောင်းသွားဖို့ ပြင်ဆင်နေသည်။မင်းမောင်လည်း အောက်ကိုဆင်းလို့ မျက်နှာသစ်လိုက်ပြီး အိမ်ပေါ်တက်ခဲ့လိုက်သည်။စပါးတွေလည်း စိုက်ပြီးပြီမို့ မင်းမောင်တွင် ဘာမှလုပ်စရာမရှိ။နှစ်လလောက်ကြာလျှင်သာ လယ်ပေါင်းနှုတ်တွေသာရှိလိမ့်မည်။ယခုတွင်တော့ မင်းမောင်တွင် နွားကျောင်းရမည့်အလုပ်သာရှိလေသည်။သို့သော် စိုက်ထားသည့် မိုးမြေပဲလေးကလည်း သင့်နေပြီမို့ မြေပဲနှုတ်သွားရမည်။ မနေ့က ကြွက်လေးကလည်း ရခဲ့သေးသည်မို့ ကြွက်ကြော်လေးနဲ့ ထမင်းကိုခပ်သွက်သွက်စားလိုက်သည်။နောက်ပြီ နွားနှစ်ကောင်ကိုနွားလှည်းတွင်တပ်ဆင်လိုက်ပြီး ထယ်ကို လှည်းပေါ်တင်ကာ အခင်းရှိရာထွက်ခဲ့လိုက်သည်။

လမ်းရောက်တော့ နောင်တို့သားအမိနဲ့တွေ့သည်မို့ လှည်းရပ်ကာ မေးလိုက်သည်။

"အရီး ဖယ်သွားမလို့လဲဗျ"

အရီးက ထမိန်ကိုခပ်တိိုတိုတုတ်တုတ်ဝတ်ရင်းနဲ့ ပြန်ဖြေလာသည်။

"တလုတ်တောသွားမလို့ ဖိုးသားရေ"

"ကျွန်တော်လည်း တလုတ်တောကိုဘဲဗျ ၊ လာဗျ အရီး လှည်းစီးပြီးလိုက်ခဲ့"

လှည့်ပေါ်တက်ထိုင်ရင်း ပြောလာသော အရီးကို ပြုံးသာပြလိုက်သည်။နောင်ကတော့ဖြင့် ခပ်တည်တည်။သူ့အား ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင်မထင်။

"အေးအေး ကျေးဇူးဘဲဟေ့ ၊ နို့မို့ဆို ခြေအားကြီးညောင်းနေတော့မှာ"

အရီးတို့လှည်းပေါ်တက်ပြီးတော့မှ နွားနှစ်ကောင်ကို ကြိမ်တုတ်နဲ့ထိုးလို့ သွားခိုင်းရသည်။

"အရီး တလုတ်တောကို ဖာလုပ်သွားတာလဲဗျ"

"မြေပဲနှုတ်လေ ဖိုးသားရဲ့ ၊ အငှားသားတွေရောခေါ်ထားတာ အခင်းက ကျယ်တော့ သားအမိတွေချဲမပြီးဘူးလေ ၊ သော်တာကတော့ နွားလှည်းမောင်းလို့သွားနှင့်ပြီးပြီ ၊ အရီးက အငှားသားတွေအတွက် စားစရာပြင်နေလို့ နောက်ကျနေတာ"

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now