အပိုင်း ၁၃

25 0 0
                                    

မနက်မိုးလင်းတော့ ရွာထဲမှ အတန်းအောင်ပြီးသားကျောင်းသားတွေက ဦးဆောင်ကာ ကျောင်းသားရှိသည့်အိမ်များကို ဆန်လိုက်ကောက်သည်။

"အရီးခင်မေ..ဆရာကန်တော့ဖို့ ဆန်လာစုတာဗျ.."

အိမ်ရှေ့မှအော်သံကြားတော့ အမေက အိမ်အပြင်ထွက်ကြည့်ကာ အသံပြုသည်။

"အော..ကျောင်းသားတစ်ယောက်ကို ဖယ်လိုစုတာလဲ ဖိုးသား.."

"ဆန်တစ်ပြည်၊ပိုက်ဆံနှစ်ထောင် အရီး"

"အေးအေး ခဏစောင့် ၊ အရီးဆန်သွားယူလိုက်အုံးမယ်"

အိမ်အောက်ကစင်ပေါ်တွင်ရှိသည့်ပေပါထဲမှ ဆန်တစ်ပြည်ကျုံးကာ ကျောင်းသားတွေကိုင်ထားသည့်ပေနံအိတ်ထဲသို့ ထည့်လှယ်လိုက်သည်။နောက်ပြီး ပိုက်ဆံနှစ်ထောင်ကိုလက်ကမ်းပေးလို့ မေးလိုက်မိသည်။

"ညခါ အကတွေရောပါတယ်ဆို.. "

"အမ်း...အကက မနက်ခါနေ့လည်မှဗျ  အရီး...၊ ခနေ့ညက တစ်ပေါက်ချီချကမှာဗျ မီးကြာလည်းချမှာ သနပ်ခါးပါးတို့ပွဲလည်းပါမှာ  "

"အောပါ..အောပါ..ပွဲငတ်နေတာလည်းကြာပြီဆိုတော့ ဒို့ရွာသားတွေကတာ အားပေးရမှာပေါ့အေ့"

"လာခဲ့အရီး အားပေးတဲ့လူပိုများတော့ ပိုပြီးကောင်းတာပေါ့"

"အေးအေး.."

အိမ်ပေါ်တက်ခဲ့သည့်အမေက ခန့်နောင်ကိုကြည့်ကာ မေးလာသည်။

"မောင်လေးရော အကပါသေးလား"

"ပါတယ် မေမေ့"

"ဟယ်...ငါ့သားက အစောထဲကမပြောဘူး ၊ ပွဲဆိုတာ တင့်တင့်တယ်တယ် အများမြင်ကောင်းအောင်ဝတ်ရမှာပေါ့ဟဲ့ ၊ နေအုံး ငါ ရွာထဲက မကြည်အေးအိမ်မှာ အင်္ကျီဝယ်ပေးပါအုံးမယ်"

ပြောပြောဆိုဆို အတွင်းခံထဲမှ ပိုက်ဆံနှိုက်ကာ ရေတွက်နေသောအမေ့ကိုကြည့်လိုက်သည်။

တစ်ထောင်..နှစ်ထောင်..သုံးထောင်..ငါးထောင်..

ဟင် ငါးထောင်ဘဲရှိတာလား..

လက်ထဲမှ ပိုက်ဆံကိုဖြန့်ကြည့်ရင်း စိတ်ထဲမှိုင်သွားရသည်။ဝက်ကလေးတွေရောင်းပြီး အိမ်ပြင်လိုက်သည်မို့ လက်ထဲငွေရေးကြေးရေးအနည်းငယ်ပြတ်လတ်သွားရသည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now