အပိုင်း ၈

39 3 0
                                    

အိမ်ပြန်ရောက်ထဲက နာရီဘဲကြည့်နေသောမောင်မောင်ကြောင့် ယုယနွယ်တစ်ယောက်မနေနိုင်ဘဲ ထုတ်ဖော်မေးမိလေပြီ။

"မောင်မောင် ဖာလို့ နာရီဘဲ ကြည့်ကြည့်နေရတာလဲ ၊ မသိရင် ချစ်သူနဲ့ချိန်းထားတာကျနေတာဘဲ"

ထမင်းအိုးငှဲ့ရင်းပြောလာသောအလေးကို မျက်မှောင်ကြုတ်ကြည့်ရင်း ငေါက်ငမ်းလိုက်သည်။ကလေးက ကလေးနေရာမှာမနေဘူး။

"အလေး နန်င်အသာနေစမ်း"

ဒါလေးမေးမိတာကို တစ်အားငေါက်နေသောမောင်မောင်ကြောင့် မျက်စောင်းသာထိုးလိုက်ရသည်။

"မင်းမောင်ရေ..."

အိမ်ရှေ့မှခေါ်သံကြောင့် ယုယ မီးဖိုးထဲကနေ လှမ်းထူးလိုက်ရသည်။

"မောင်မောင်ကရှိတယ်နော ၊ အိမ်ရှေ့ကဖယ်သူလဲကွယ်"

ယုယအော်သံကိုကြားတော့ မောင်မောင်က အိမ်ရှေ့ကိုဝရောသောပါးပြေးပါတော့သည်။မောင်မောင်က တစ်ကယ် ချစ်သူနဲ့ချိန်းထားတာဘဲ။

"ကျွန်တော်ရှိတယ်ဗျ"

အိမ်ရှေ့ကိုခပ်သွက်သွက်သွားပြီး ပုဆိုးကိုသေချာလေးပြင်ဝတ်သည်။နောက်ပြီး ရှေ့ကနေဦးဆောင်ကာ ခေါ်ခဲ့လိုက်သည်။

"သွားကြရအောင်ဗျ"

"အင်း"

အရှေ့မှဦးဆောင်သွားသောမင်းမောင့်နောက်သို့အသာလိုက်ခဲ့လိုက်သည်။ရွာအပြင်နဲ့ တောအစပ်ရောက်လာတော့ ပုံမှန်ထက်ပို၍တိတ်ဆိတ်လာသည်။

"နောင် ရှေ့ကိုလာလေဗျ နောက်မှာမနေနဲ့ဗျ"

"အင်း"

မင်းမောင်စကားကြောင့် မင်းမောင်နဲ့တန်းတူဖြစ်အောင် ခပ်သွက်သွက်လျှောက်လိုက်သည်။ပျိုးပင်သယ်ရမည့်နေရာရောက်လာတော့...

"နောင်က နည်းနည်းပါ့ သယ်ပါဗျ ၊ မောင်က များများသယ်မယ်"

"ဟင့်အင်း တစ်ဝက်တိတိခွဲပါ ၊ ငါလည်း ယောင်္ကျားတစ်ယောက်ဘဲလေ မင်းမောင်"

"ဟုတ်ပါပြီဗျာ..."

ပျိုးပင်ထုံးတွေကိုရေလိုက်ပြီး တစ်ဝက်ခွဲသည်။နောင်တစ်ခြားဆီကိုစိတ်ရောက်နေတုန်း ဆယ်ထုံးလောက်ကို မင်းမောင်အရေအတွက်ထဲပိုထည့်လိုက်သည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now