အပိုင်း ၇

41 3 0
                                    

အား...ကျွတ် ကျွတ်

မနက်အိပ်ရာထတော့ ခေါင်းတွေကထိုးကိုက်နေသည်မို့ နားထင်ကိုသာလက်နဲ့ဖိရင်း အိပ်ရာမှထလိုက်ရသည်။

"နိုးပြီလား မောင်မောင်"

"အေး"

အိမ်အပြင်ရောက်ရောက်ချင်း အလေးကမေးလာသည်မို့ မင်းမောင် အေး တစ်လုံးသာဖြေလိုက်သည်။နားထင်နားဖိထားသည်ကိုမြင်၍ထင် အလေးက မေးလာပါတော့သည်။

"မောင်မောင် ခေါင်းတွေကိုက်နေတာလား"

"အင်း"

"မောင်မောင်က တစ်အားသောက်တာကိုး"

အပြစ်တင်စကားမမည်သော အလေးစကားကို ဘာမှမတုံ့ပြန်ဘဲ မျက်နှာသစ်ရေအိုးနားသို့သာလာခဲ့လိုက်သည်။နောက်ပြီး ရေဖလားဖြင့် ရေခပ်ယူလို့ မျက်နှာကိုလောင်းချလိုက်သည်။ပြီးမှ ဂုတ်စပ်တွေကိုရော ရေနဲ့ပွတ်ပစ်လိုက်တော့မှ ခေါင်းကိုက်သက်သာသည်။

ထန်းရည်တန်ခိုး တယ်ဆိုးသကိုး။

အငှားသွားခါရနီးပြီမို့ မျက်နှာကိုခပ်မြန်မြန်သုတ်ပြီး ဆံပင်ကိုတစ်ချက်နှစ်ချက်သာဖြီးလိုက်သည်။ပြီးမှ မီးဖိုထဲဝင်ကာ ထမင်းကိုခပ်သွက်သွက်စားလိုက်သည်။

"အလေး နန်င်က တောကိုလိုက်အုံးမှာလား"

ဒီနေ့က ကျူရှင်ပိတ်ရက်မို့ မေးလိုက်ခြင်းဖြစ်သည်။

"လိုက်မှာ မောင်မောင် ၊ ဒီနေ့က ကျူရှန်င်ပိတ်တယ်"

"အေးအေး ဖေဖေတို့ကိုကူလိုက်အုံး"

"အမ်း"

ထမင်းစားပြီးသည်နဲ့ မြေပဲဆန်တွေလှော်ပြီးထည့်ထားသည့် ဘူးထဲမှ မြေပဲလှော်တစ်ဆုတ်ယူကာ ဝါးခမောက်နဲ့ပုဆိုးတစ်ကွင်းကိုသာယူလို့ အခင်းရှိရာဆီထွက်ခဲ့လိုက်သည်။

စောစောသွားလျှင်နေပူသက်သာသည်။ဒါကြောင့်ရောက်ရောက်ချင်းအခင်းထဲဆင်းလို့စိုက်လိုက်ကြသည်။အခင်းကကျယ်တော့ မနက်ခေါင်းခေါက်ချိန်တွင် တစ်ဝက်ကျိုးသည်။အခင်းရှင်ယူလာပေးသောထမင်းကို တောထဲတွင်ဝိုင်းဖွဲ့စားသောက်ကြပြီး ခဏနားကြသည်။အိမ်မှာစားရသည်ထက် တောတွင်စားရသည်က ပို၍မြိန်သည်။ဘယ်လိုဓာတ်မျိုးကြောင့်တော့မသိပေ။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Onde as histórias ganham vida. Descobre agora