အပိုင်း ၁၅

31 1 0
                                    

မျက်နှာလေးနီမြန်းကာ ပြေးသွားသော နောင့်ကိုကြည့်ပြီး မင်းမောင်ရင်ထဲကြည်နူးမိသည်။ယောင်္ကျားလေးဆိုသည့်အမျိုးက ကိုယ့်ကြောင့် တစ်စုံတစ်ယောက်ရှက်သွားရင် သိပ်ကိုကျေနပ်နေတတ်သည်မဟုတ်ပါလား။ယခုလည်း သူ့အသည်းက မင်းမောင်ကိုရှက်၍ပြေးသွားခြင်းသာ။

မင်းမောင်လည်း ဘုရားရှိခိုးပြီး အိမ်ကိုသာပြန်လိုက်သည်။ဘုရားကွင်းကမြောက်တိုက်ထဲပါဝင်တာမို့ သိပ်ဝေးဝေးမပြန်ရ။အိမ်ရောက်တော့ နဖူးပေါ်လက်တင်လို့မျက်လုံးလေးမှိတ်ထားမိသည်။မျက်လုံးမှတ်လျှင်လည်း အသည်း၏ပုံရိပ်ကိုသာမြင်သလို မျက်လုံးဖွင့်လိုက်လျှင်လည်း အသည်း၏ပုံရိပ်သာ စိုးမိုးနေတတ်သည်။

အားကြီးစိုးမိုးနေပါရောလား အသည်းရယ်။

..........................

နေ့လည်ရောက်လာတော့ ဘုန်းကြီးကျောင်းအောက်ကပြင်ညီတွင် လူစုဝေးသည်။အကုန်အစုံအညီရောက်လာတော့ လိပ်ကာများဖြင့်ပြင်ဆင်ပြီး ကမည့်အစီအစဥ်စာရွက်ကို လူငယ်ခေါင်းဆောင်ထံသို့ပေးရသည်။နောက်ပြီး အဝတ်အစားတွေကလည်း အိမ်တွင်တစ်ခါထဲလဲခဲ့ပြီးသားမို့ ကဖို့ဖြစ်လာတော့သည်။

အခမ်းအနားစတင်ပြီးနောက်....

"ကြွရောက်လာသောဧည့်သည်များခင်ဗျာ... အခမ်းအနားစတင်တော့မည်ဖြစ်ပါသဖြင့် ထိုင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ..."

မိုက်ဖြင့်အော်ကာတောင်းဆိုလေတော့ အားလုံးကထိုင်ပေးကြသည်။သီချင်းမစခင် အမျိုးသားငါးယောက် စင်မြင့်ပေါ်ရောက်လာကြသည်။

စင်မြင့်ဆို...မြို့တွေကလို စတိတ်စင်မဟုတ်။ဘုန်းကြီးကျောင်းအောက်တွင်ရှိသည့် ကုတင်ရှည်ကြီးနှစ်ခုကို ပူးထားခြင်းဖြစ်သည်။ထိုအရာက စတိတ်စင်ကဲ့သို့ဖြစ်နေတော့သည်။

အမျိုးသားငယ်ငါးယောက်က ဆီမီးခွက်ကို လက်တစ်ဖက်တွင်တစ်ခွက်စီကိုင်ထားပြီး မျက်နှာရှေ့သို့မြှောက်ထားရင်း လူကြီးမိဘများအား ရိုသေလေးစားဖွယ် ခေါင်းငုံ့ထားသည်။

သီချင်းသံလာသည်အထိခေါင်းကိုငုံ့ထားပြီး သီချင်းသံစလာလေတော့ တစ်ဖက်တစ်ချက်စီ ကပြဖျော်ဖြေသည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now