အပိုင်း ၁၀

42 1 0
                                    

မြေပဲနွှေးနေတုန်း ပုဆိုးဒေါင်းပင့်မကာ အိမ်ပေါ်မှ ဆင်းဟန်ပြင်နေသောသော်တာ့ကို ခန့်နောင်မေးလိုက်မိသည်။

"ဖယ်သွားဖို့လဲ သော်တာ"

ခန့်နောင်အော်မေးလိုက်တော့ သော်တာကမကျေနပ်ဟန်ဖြင့် မျက်မှောင်ကြုတ်လို့ လှည့်ကြည့်လာသည်။

"ရွာထဲ သွားဖို့ဗျာ ရပြီလား"

သော်တာ့အဖြေကိုလည်းကြားရော အမေက နောက်လှည့်ကာ သော်တာ့ကိုအော်တော့သည်။

"ရွာထဲဖာသွားလုပ်ဖို့လဲ ၊ မိသော်တာ  နန်င့်ကိုယ်နန်င် ယောင်္ကျားများမှတ်နေလား ဟမ် ၊ ငါမွေးထားတာ အပြားဟဲ့ အလုံးမဟုတ်ဘူး ၊ သွား အထဲပြန်ဝင်"

အမေက အော်ငေါက်ကာပြောလိုက်တော့ သော်တာ့မျက်နှာတို့ပို၍ရှုံ့မဲ့လာလေသည်။

"အမေရာ ကျုပ်မိန်းမမှန်း ကျုပ်ကိုယ်ကျုပ်သိပါတယ်ဗျ ၊ ဟောဒီက ယောင်္ကျားကြမ်းမိန်းမကို ဖယ်သူမှဝင်မဆွဲရဲဘူး ၊ စိတ်ပူမနေနဲ့အမေ ၊ ကျုပ်လုပ်စရာရှိလို့ သွားပြီ"

ပြောပြီး အိမ်ပေါ်မှဒေါင်းနင်းကြက်နင်းဆင်းသွားသောသော်တာ့ကို ကြည့်ပြီး အမေကအော်သည်။

"ဟဲ့ အော် ဒီကလေးမနှယ်....ဖယ်ဘဝက အကုသိုလ်တွေလည်းမသိပါဘူးကွယ် ၊ မိန်းမအဖြစ်မွေးဖွားလာတာကို ယောင်္ကျားစိတ်ပါလာရတယ်လို့ ၊ ဟင်းး.. အနိစ္စ ဒုက္ခ အနတ္တ..."

သော်တာ့အပေါ်ရင်လေးဟန်ဖြင့်ရေရွတ်ပြောဆိုရင်း သက်ပြင်းချနေသောအမေ့ကိုကြည့်ပြီး သူသနားစိတ်ဝင်မိပြန်သည်။သမီးကပါ ယောင်္ကျားစိတ်ဝင်နေတာကို သားကပါ ခြောက်သွားလျှင် အမေအတော်လေးစိတ်ဒုက္ခရောက်လိမ့်မည်။သူ ဖယ်လိုလုပ်ရပါ့မလဲလေ။

သော်တာပြန်လာသည်အထိ စောင့်ပြီးတော့မှ မယ့်အဲအိမ်ကို သွားကန်တော့သည်။အဖေက အရင်ပထမဦးဆုံးအိမ်ထောင်ကျသည်မို့ အိမ်ခွဲရသည်။အဖေ့ညီအငယ်ဆုံးက လက်ထပ်ထားသည်မှာ မကြာသေးသည်မို့ အိမ်ပေါ်တွင် မယ့်အဲနဲ့အတူနေခွင့်ရသည်။ခနေ့က မယ့်အဲအိမ်ကို သွားရောက်ကန်တော့မည်ဖြစ်သည်။ခန့်နောင်တို့မိသားစုတင်မဟုတ်ဘဲ မယ့်အဲ၏သားတွေအကုန်လုံးကမိသားစုနဲ့အတူ တစ်စုတစ်ဝေးတည်းလာရောက်ကန်တော့မည်မို့ မယ့်အဲကသေချာပေါက်စားစရာတွေပြင်ဆင်ထားလိမ့်မည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now