အပိုင်း ၂၈

90 3 2
                                    

ဆောင်းရာသီနှောင်းပိုင်းရောက်လာတော့ စပါးတွေရိတ်သိမ်းကြသူများကလည်း ပြီးကြလေပြီ။စပါးရာသီပြီးတော့ ကြက်သွန်ရာသီလုပ်ကြရပြန်သည်။မင်းမောင်တို့လည်း နောက်တစ်ရာသီအတွက် ထွန်ယက်ရပြန်သည်။ရှေးယခင်တုန်းက တစ်နှစ်ကို သုံးသီမျှသာစိုက်သော်လည်း ယခုများတော့မတူတော့ချေ။စားဝတ်နေရေး ၊ အများတူနေထိုင်နိုင်ရန်အတွက် လေးသီး ငါးသီးလုပ်ကိုင်ကြတော့သည်။ယခုလည်း တောသွားဖို့ပြင်ဆင်နေခြင်းပင်။

"သားသားရေ ဖေကြီးနဲ့ဖေဖေသွားအုံးမယ်နော် ၊ အိမ်မှာဖွားဖွားနဲ့လိမ်လိမ်မာမာနေခဲ့ရမယ်နော်"

အမေက ကလေးကိုစောင်အသေးလေးခင်းကာ ထိုအပေါ်တွင်ပက်လက်လှန်ကာချထားသည်မို့ ပါးလေးကိုရွှတ်ခနဲငုံ့နမ်းလိုက်တော့ သားလေး၏သွားဖုံးရဲရဲကလေးတွေက လှစ်ခနဲပေါ်လာသည်။

"အမေ ကလေးက မျက်စိမြန်င်ရပြီလား"

မင်းမောင်သိချင်ဇောဖြင့်မေးကြည့်လိုက်သည်။ကလေးတွေက မွေးမွေးချင်းမျက်စိမမြင်ဘူးဟုသူကြားဖူးသည်။ထို့ကြောင့် သူသိချင်လွန်း၍ မေးနေခြင်းဖြစ်သည်။

"သူမြန်င်နေပါပြီ "

"အော...."

"သူ့ဖေ လာတော့လေ"

အိမ်အောက်မှကြင်သူခင်ပွန်းကအော်ခေါ်လေတော့ မင်းမောင်တို့အိမ်အောက်သို့ဆင်းရပြန်သည်။

"သူ့ဖေ အလေးကရောက်နေပြီ ၊ နွားကိုငါထွန်လည်းဖြစ်ပါတယ်ဆိုတာကို...."

"ကျေးဖူးဘဲကွာ ယောက်ဖ ရော့ နွားမောင်းခဲ့ပေးအုံး"

ယောက်ဖဖြစ်သူကပြောတော့လည်း  အပိုယူခဲ့သည့်ပုဆိုးတစ်ထည်ထဲသို့ ဆပ်ပြာဂျုပ်ကိုထည့်လို့လိမ်းကာလွယ်လိုက်ပြီး နွားနှစ်ကောင်ကို ထွန်တုံးတင်လို့မောင်းရသည်။

နွားနဲ့ထွက်သွားပြီးတော့မှ အိမ်နောက်ဖေးကထွန်စက်ကိုနှိုးလို့ မောင်းသည်။နောင်ကလည်း သူ့ဘေးကဘောင်ပေါ်တွင်ထိန်းကိုင်ရင်းလိုက်ပါလာသည်။

"ဖိုးအေး ဖာလို့ခေါ်လိုက်ရသေးတာလဲ ၊ နွားကငါထွန်လည်းရတာကို...."

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now