အပိုင်း ၂၀

59 2 0
                                    

မင်းမောင်တို့စောစောထကာ အိပ်ရာခင်းသည့်စောင်များကိုသိမ်းဆည်းရသည်။လက်ဖွဲ့ငွေလက်ခံမည့်အိမ်ကမိမိတို့အိမ်တွင်ပြုလုပ်မည်မဟုတ်ပါလား။ထို့ကြောင့် မင်္ဂလာအပြင်အဆင်ပြုလုပ်ရန် ညကခြုံကာအိပ်ထားသည့်စောင်များကို သိမ်းလို့ အလေးအခန်းထဲသို့ထည့်ရသည်။ထို့နောက် မနေ့က ဟင်းချက်စရာများကိုပြင်ဆင်ကြသည်မို့ ယမန်နေ့ကသိမ်းဆည်းထားသော်လည်း ပြန်၍ရှုတ်ပွနေသည်မို့ ခနေ့ပြန်၍သိမ်းဆည်းရပြန်သည်။တစ်အိမ်လုံးကို တံမျက်စည်းပြန်သိမ်းကာ ရှင်းလင်းရသည်။

ထို့နောက် မင်္ဂလာအပြင်အဆင်ပြင်ဆင်သူက လိပ်ကာတွေရောင်စုံတပ်လို့ မင်္ဂလာအခမ်းအနားပြင်ဆင်သည်။ရွာထဲက လူကြီးပိုင်းများကိုတော့ မနက်ခင်းတစ်နပ်ကျွေးသေးသည်။မနက် ၇နာရီမှ ၁၁နာရီအထိကျွေးမွေးရင်း ညနေစာအတွက် ချက်ပြုတ်နေကြသည်။ဟင်းချက်သောသူများအတွက် အရက်ကိုပုံးဝါကြီးနဲ့တစ်ပုံပေးရ၏။သူတို့မြည်းရန်အတွက် ဟင်းလေးလည်းပေးရသေး၏။

တစ်မနက်စာနဲ့တစ်နေ့လည်လုံးပြင်ဆင်၍ပြီးသွားတော့ လူလည်းအတော်လေးကိုပင်ပန်းနေပြီဖြစ်သည်။နောင့်မျက်နှာတွင်လည်း ချွေးစက်ကလေးတွေကစီးကျလို့နေသည်။ထိုချွေးစက်ကလေးများကို လက်ဖြင့်အသာသုတ်ပေးလိုက်ရင်း နောင့်ကိုခပ်ဖွဖွပြောမိသည်။

"ပင်ပန်းနေပြီလား နောင်..."

မင်းမောင်က ထိုသို့မေးလာတော့ နဖူးထက်မှချွေးစက်များကို လက်ဖမိုးဖြင့်သုတ်ယူသိမ်းဆည်းရင်း ခပ်နွမ်းနွမ်းလေးပြုံးပြလို့ဖြေလိုက်သည်။

"ဟင့်အင်း မပင်ပန်းပါဘူး...မင့်နဲ့အတူရှိရဖို့အရေးဘဲ..၊ ဒယ်လောက်တော့ကြိုးစားရမှာပါ့..."

"ဟုတ်ပါပြီဗျာ...ပင်ပန်းရင်လည်း နောင့်အိမ်မှာနားချီလို့ မောင်ကပြောရအောင်လို့ပါ"

မင်းမောင်ထိုသို့ပြောမည်ကိုခန့်နောင်ရိပ်မိပါသည်။သို့သော် ကိုယ့်မင်္ဂလာဆောင်တွင် အခြားသူများက ကြိုးစားမာန်တက်လုပ်ကိုင်ကူညီနေကြသည်ကို ကိုယ်ကနားနေလို့မဖြစ်ဘူးမလား။ထို့ကြောင့် မင်းမောင်စကားကိုသူငြင်းပယ်လိုက်သည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Hikayelerin yaşadığı yer. Şimdi keşfedin