အပိုင်း ၅

47 3 0
                                    

"လာ ရေသောက်နားကြအုံး ဖိုးသားတို့"

အခင်းရှင်က ထန်းပင်အရိပ်အောက်ကိုခေါ်သည်။မင်းမောင်တို့လည်း ထန်းပင်အရိပ်အောက်ကိုအောင်းလို့ ရေနွေးတစ်ခွက်ကိုခပ်နွေးနွေးလေးသောက်သည်။ပြီးမှ ပြောင်းဖူးဖွဲသင်းတစ်ဇွန်းကောက်စားလိုက်သည်။ထို့နောက် စကားပြောရန်ကြံတော့ ကျော်ကြီးက ချစ်ကြီးပါးစပ်ကိုပြေးလို့ပိတ်သည်။

(အောင်း=ဝင်၊ခို)

"ဟိတ်ကောင် ပြောင်းဖူးဖွဲသင်းစားပြီး စကားမပြောနဲ့ ၊ ငါ့ကို အမှုန့်တွေစင်ကုန်မှာပေါ့ လဒရ"

(လဒက အတာ တုံးတာကိုပြောတာပါ
ပြောင်းဖူးဖွဲသင်းက ပြောင်းဖူးစေ့ကိုကြိတ်ပြီး ထန်းလျက်ကို​ကြိတ်ပြီး အမှုန့်တွေကိုရောထားတာမျိုးပါနော် သူက နို့မှုန့်လို့စားရတဲ့ အိမ်လုပ်မုန့်တစ်မျိုး)

ကျော်ကြီးပြောတော့မှ ချစ်ကြီးက လက်ထဲပြောင်းဖူးဖွဲသင်းတစ်ဇွန်းထည့်ပြီးတော့မှ အိမ်အပြန်ထည့်ယူလာခဲ့သည်။နောက်ပြီး လမ်းရောက်တော့မှ ပါးစပ်ထဲထည့်ပြီး ဝါးမစားဘဲ ကျော်ကြီးရှေ့တွင်ဖူးခနဲလုပ်ချပစ်သည်။ဒါကြောင့် ကျော်ကြီးဆံပင်များတွင် ပြောင်းဖူးဖွဲသင်းများက ပေကျံသွားရတော့သည်။

"ခွေးသား ချစ်ကြီး ငါခေါင်းလျှော်ရတော့မယ်"

"လျှော်ပေါ့ ၊ မင့်ခေါင်းလျှော်ရအောင် တမန်င်လုပ်တာ"

သူများစိတ်တိုအောင်လုပ်ရမှ နေပျော်သည့်ချစ်ကြီးအဖို့ ကျော်ကြီးဖြစ်သွားပုံကိုကြည့်ပြီး တစ်ဟားဟားအော်ရယ်လို့ ချောင်းထဲကိုဆင်းသည်။ချောင်းဘေးစပ်ကဝါးလုံးတန်းတွင် ပုဆိုးတင်ရုံမျှရှိရသေးသည်။ကျော်ကြီးက နောက်ကနေကန်ချလိုက်တာမို့ ရေထဲဗိုင်းခနဲကျသွားရသည်။

ဗွမ်း..!!

"အား..!! ကျော်ကြီး ငါခေါင်းလျှော်ရတော့မယ်"

"လျှော်ပေါ့ မင့်ခေါင်းလျှော်ရအောင် တမန်င်လုပ်တာ"

သူ့စကားအတိုင်းပြန်ချေပတော့ ချစ်ကြီးမျက်နှာကမဲပုတ်သွားသည်။ရေချောင်းထဲကမှကမ်းပေါ်တက်လာပြီး အင်္ကျီများကိုချွတ်ရင်း ကျော်ကြီးကို ဘုကြည့် ကြည့်လိုက်မိသည်။ဒီကောင်က မိန်းမခန္ဓာကိုယ်ဖြစ်နေတော့ ပြန်တုံ့ပြန်ရခက်လေသည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now