အပိုင်း ၁၉

35 2 2
                                    

မနက်လင်းတော့ မင်းမောင်တို့တစ်သိုက်သောင်းကျန်းသမျှက နားနဲ့မဆံ့အောင်ကြားရတော့သည်။ခုလည်း မင်းမောင် လိုအပ်သည့်ပစ္စည်းလေးများကို ရွာထဲသို့လာဝယ်ခြင်းဖြစ်သည်။စျေးဆိုင်တွင် သူတို့အချင်းချင်းပြောသည်များကိုကြားပြီး မင်းမောင်မရယ်မိအောင် မနည်းထိန်းယူရ၏။

"ငါ့မှာ ညက ဖိနပ်ပျောက်တာပါဆိုဟယ်..ဖယ်သူ့လက်ချက်လဲမသိဘူး၊ တစ်အိမ်သားလုံးရဲ့ဖိနပ်ဖွက်တာခံရတာ ၊ မနက်လင်းအိပ်ရာထလို့စီးဖို့ကြည့်တော့မရှိတော့ဘူးအေ့ "

ဖိနပ်ဖွက်ခံရသူကပြောလေတော့ နောက်ထပ်နစ်နာသူတစ်ဦးက ဖွင့်ဟပြန်လေသည်။

"ငါ့မှာလည်း ဝန်းထရံကပ်ဖြုတ်ခံရတာပါဆို ၊ အခုထိမတွေ့သေးဘူး ရှာရအုံးမှာ"

"ဟဲ့ ဖယ်သူ့ကပ်လဲတော့မသိဘူး ချောင်းထဲမှာရှိတယ်ဟဲ့ ၊ ငါရယ်မနက်အစောတုန်းက ချောင်းထဲရေခပ်သွားတာတွေ့ခဲ့တယ်"

ဖိနပ်ဖွက်ခံရသူကသူတွေ့သည့်အရာကိုပြောပြလေတော့ ဝန်းထရံကပ်ဖြုတ်ခံရသူမှာ ဝမ်းပန်းတသာမေးလို့လာခဲ့သည်။

"ဖယ်ချောင်းလဲဟဲ့"

"ဟဲ့ ဖယ်ချောင်းကမှာလဲ ငါတို့အနောက်ချောင်းပါ့ဟဲ့ ၊ သွားကြည့်ချီ ဟုတ်ချန်င်ဟုတ်မှာပါ့"

"အေးအေး သွားကြည့်ရအုံးမှာပါ့"

မင်းမောင်လည်း စျေးမြန်မြန်ဝယ်ပြီး ထွက်ခဲ့လိုက်သည်။မဟုတ်လျှင် ကျိန်းသေပေါက်ရယ်မိတော့မည်သာ။

အိမ်ရောက်သည်နဲ့ ဝါးတွေခွဲလို့ ကပ်ရက်ရသည်။ဒီကပ်တစ်ချပ်ဆိုရင်ဖြင့် ဝန်းထရံအသစ်လုံပြီဖြစ်ပါသည်။နောက်ပြီး သက်ကယ်ဝါးခုတ်လို့ သက်ကယ်ရက်ရအုံးမည်။ဒီနေ့တော့အချိန်မရှိ။မင်္ဂလာရက်ကလည်းနီးလာပြီမို့ အိမ်ဘေးပတ်ချာလည်တွင် အနည်းငယ်ရှိသည့်ပေါင်းများကို ရှင်းလင်းရအုံးမည်။ကပ်ရက်ပြီးသည်နဲ့ ကပ်ကိုမလို့ ဝန်းထရံတွင် ဂွတိုင်ဖြင့်ချည်နှောင်ရသည်။အရင်ကပ်ဟောင်းကလည်းသိပ်မစုတ်သေးသည်မို့ ဂွတိုင်ကလည်းအကောင်းကြီးရှိသေးသည်သာ။ထို့ကြောင့် အသစ်လဲစရာမလို။ကပ်ကိုသာထိုဂွတိုင်ဖြင့် ပူးတွဲကာ နှီးပြားဖြင့်ချည်လိုက်သည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now