အပိုင်း ၂

104 7 0
                                    

အိပ်ရာနိုးတာနဲ့မင်းမောင်လည်း ရေမိုးချိုးကာ အဝတ်လဲလိုက်ပြီး ရွာထဲသို့ ထွက်လာခဲ့လိုက်သည်။

"ဟာ  ဖိုးအေး ခနေ့က အဝတ်အစားတွေနဲ့ပကား"

(ပကား=ပါလား)

မင်းမောင်၏ငယ်ပေါင်းဆွေ ကျော်ကြီးဖြင့်တွေ့တော့သည်။​မြင်​မြင်ချင်း စနောက်လာသောသကောင့်သားကြောင့် မင်းမောင်ပြန်တုံ့ပြန်လိုက်သည်။ဒီကောင်က မိန်းမဆို​ပေမယ့် ယောင်္ကျားလိုနေပြီး ယောင်္ကျားလုပ်သမျှ အလုပ်တွေလုပ်သည်။သူက နွားနှစ်ကောင်ကို တစ်ဖက်စီမောင်းထားပြီး ဖျင်ကြမ်းလွယ်အိတ်ကိုလည်းလွယ်ထားသေးသည်။ဒီကောင့်လွယ်အိတ်ကလည်း ဖောင်းလို့။

"မင့်ပြောမှဘဲ ငါက တောက်စလင်းချွတ်နေရမလိုဖြစ်နေပြီ"

(တောက်စလင်း=ကိုယ်တီးလုံး)

"ဟဲဟဲ စတာပါကွာ ဒါနဲ့ မင်းက ဖယ်သွားမလို့လဲ"

"ဟိုနားဒီနားပါကွာ ၊ ထာနဲ့ မင့်တောက ဘာတွေရခဲ့တာလဲ အိတ်ကဖောင်းလို့"

(မင့်=မင်း)

"တောကြက်ရခဲ့တာ ၊ အရန်င်နေ့ကတွေ့တာနဲ့ သွားထောင်ထားတာ"

(ထောင်=ထောင်ချောက်ထောင်ဖမ်းတာ)

"ဟန်င်းစားရတာပေါ့"

"အေး"

"ညခါ အကတိုက်မှာ၊ လူငယ်တွေရော အကုန်ပါမှာတဲ့နော်၊ လာခဲ့အုံး"

မင်းမောင်ကလှမ်းပြောတော့ နွားနှစ်ကောင်ကို နွားချည်ကြိုးဖြင့်ဖြန်းခနဲရိုက်ကာမောင်နှင်လို့ပြန်ဖြေသည်။

"အေးပါ ညဆိုရင်တော့ ငါလည်းအားပါတယ်"

ရွာတွင်တစ်ခုခုလုပ်စရာရှိလျှင် လူငယ်အဖွဲ့အစည်းက တာဝန်ခံလုပ်ရသည်။မင်္ဂလာဆောင်ရှိလျှင် ဧည့်သည်တွေကို လူငယ်အဖွဲ့အစည်းနဲ့သာကျွေးမွေးသည်။အသက်၁၄ပြည့်လျှင် လူငယ်အဖွဲ့အစည်းထဲဝင်ရပြီး ယောင်္ကျားရသွားသည့်သူများကတော့ လူငယ်အဖွဲ့အစည်းမှထွက်ရသည်။အခုလည်း ကပွဲလုပ်ကြတော့ ကျောင်းသားတွေနဲ့တင်မပြီးပေ။ကျောင်းအနေနဲ့လုပ်တာမဟုတ်ဘဲ ရွာအနေနဲ့လုပ်တာမို့ လူငယ်များပါ ,ပါဝင်ရသည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂On viuen les histories. Descobreix ara