အပိုင်း ၁၈

42 3 0
                                    

ညနေရောက်တော့ မနက်ကခုတ်ထားခဲ့သည့်ဝါးများကိုတိုက်ရန် တောထဲသို့ နွားနှစ်ကောင်ဖြင့်လာခဲ့သည်။သံကြိုးကိုကိုယ်ထည်တွင်ပတ်ထား၍ လမ်းသွားလိုက်တိုင်း တစ်ချွင်ချွင်အသံကထွက်ပေါ်လာလေသည်။ထိုအချင်းအရာကို ချစ်ကြီးကမြင်လေတော့ စနောက်နေကျအတိုင်း စနောက်လာပါတော့၏။

"ဟိတ်ကောင် မင့်နွားတွေနဲ့ မြက်စားသွားမလို့လား "

ချစ်ကြီးက ထိုသို့စနောက်လာပြန်တော့လည်း မင်းမောင်က မျက်နှာပြောင်းရသေးသပေါ့။

"အေး မင့်ရောလိုက်အုံးမလား... "

ထိုကောင်လည်း ရွာတင်ချင်းရွယ်နေသူမို့ မင်းမောင်ထေ့ငေါ့ကာမေးလိုက်လေတော့ မင်းမောင်ကိုစနောက်ဖို့သာအားသန်နေသောချစ်ကြီးခမျာ ကိုယ့်ရှူးကိုယ်ပြန်ပတ်လေတော့သည်။မင်းမောင်ပြောလိုက်တော့ ဖြေစရာမရှိဟန်ဖြင့် ခေါင်းလေးကုတ်ကာ ရပ်ကျန်သည်။

"အေးကွာ ငါလည်းမင့်လိုဘဲ စားရမှာပါဘဲ..."

"အဟက်..."

နောက်ဆုံးအဖြေမရှိစွာဖြင့်ဝန်ခံလာသောချစ်ကြီးကို သူရယ်မိသည်။ဒီကောင်နဲ့နှင်းဝေအခြေအနေကသိပ်မဆိုးဘူးဟုပြောရမည်။မကြာခင် မိဘကိုအသိပေးကာတောင်းရမ်းတော့မည်ဟု ချစ်ကြီးပြောဖူး၏။

နွားနှစ်ကောင်ကို လက်တွင်ကိုင်ထားသောနွားဖားကြိုးဖြင့်ရိုက်လို့ ခရီးနှင်ရသည်။အဖေကလည်း နောက်မှတောက်လျှောက်လိုက်ပါလာသည်။

တောထဲရောက်ရောက်ချင်း သားအဖနှစ်ယောက် ဝါးစခုတ်ပြီး လိုအပ်သည့်ဝါးရမှသာ ဝါးအလုံးသုံးဆယ်စီကိုဝါးစွပ်ဖြင့်ပြုလုပ်ကာ သံကြိုးဖြင့် နွားတွင်ချည်လို့ နွားကိုမောင်းကာ တစ်ရွတ်တိုက်ဆွဲရသည်။အဖေကတော့​ ထင်းခွေကာ အိမ်သို့ပြန်သွားနှင့်ချေပြီ။မင်းမောင်တို့အိမ်တွင်နွားက တစ်ရှဥ်းဘဲရှိတာမို့ တစ်ပြိုင်ထဲတိုက်လို့မရ။ထို့ကြောင့် မင်းမောင်ကနှစ်ခေါက်ပြန်တိုက်ရမည်သာ။

အိမ်ပြန်ရောက်သည်နဲ့ အိမ်ဝင်းထဲတွင် ဝါးများကိုနေရာချကာ သံကြိုးကိုဆွဲဖြုတ်လို့နောက်တစ်ခေါက်သွားတိုက်ရသည်။ပြီးမှသာ ရေမိုးချိုး အဝတ်အစားလဲပြီး အိမ်နောက်ဖေးမှခရမ်းသီးလေးငါးလုံးခူးကာ နောင့်အိမ်ရှိသော သာယာကုန်းရပ်ကွက်သို့ထွက်လာခဲ့၏။လမ်းတွေ့သောသူများက မင်းမောင်အားတစ်စေ့တစ်စောင်းကြည့်နေကြပါသော်လည်း မင်းမောင်ဂရုမစိုက်ပါ။ယခုအနေအထားတွင်တော့ မင်းမောင်ဟာ ကိုယ့်ရွာမှာတင်မဟုတ်ဘဲ အခြားရွာများတွင်တောင်နာမည်ကြီးလို့နေချေသည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now