အပိုင်း ၂၆

22 1 0
                                    

အိမ်ပြန်ရောက်တော့ ကလေးသားလေးက အိပ်ချင်လို့ပေနေချေပြီ။ထို့ကြောင့် ကလေးလေးကိုပွေ့ချီရင်း ဟိုလျှောက်ဒီလျှောက်လုပ်နေသော်လည်း ကလေးကဟင့်နေသေး၏။

"အဲ့ အဲ့ "

"အေးပါ နောက်တိုးလေးရယ် အိပ်တော့နော် ၊ လိမ္မာပါတယ် နောက်တိုးလေးက နော်..."

ပုခုံးပေါ်ပင့်တင်ထားရင်း ကလေးကိုချော့သော်လည်း ကလေးက ဟင့်မြဲဟင့်ဆဲ။ကြာတော့ သူ့အဖေက ရောက်ချလာပြီး ခန့်နောင်လက်ပေါ်မှကလေးကို ပွေ့ကာချီယူသွားတော့သည်။

"ဖေ့သားကြီးရေ အိပ်ချင်နေပြီလား ဟင်"

"ခစ် ခစ်"

သူ့ဖေလက်ထဲလည်းရောက်သွားတော့ ကလေးက မျက်နှာချက်ချင်းကြည်လင်သွားပြီး တစ်ခစ်ခစ်နဲ့ပြုံးရယ်လာသည်။ထိုအချင်းအရာကိုမြင်သွားသော ခန့်နောင်မှာ မျက်စောင်းကလေးရွယ်လို့ ပြောမိတော့သည်။

"အမလေးနော် သူ့အဖေလက်ထဲလည်းရောက်သွားတော့ မျက်နှာကြီးက ပြုံးလို့ဖြီးလို့ ၊ ဖေချစ်သားကြီး"

တစ်တွတ်တွတ်ဖြင့်သာရေရွတ်ပြောရင်း သားအဖနှစ်ယောက်ကိုထားခဲ့လိုက်သည်။

"မင့်သာထိန်းလိုက်တော့ ငါအောက်ကိုပေါင်ချည်အုံးမယ် ၊ မင့်တို့သားအဖ ဘယ်နှစ်ပါးသွားဘဲ က,က ၊ ငါတော့သွားပြီ"

ထိုသို့ပြောပြီး အောက်ကိုသာဆင်းခဲ့လိုက်တော့သည်။

"ယောက်ဖရေ..."

"ဝေး..."

ခန့်နောင် အောက်ကိုဆင်းရုံမျှဆင်းရသေးသည်။ခန့်နောင်၏ညီမနဲ့ အမေဖြစ်သူကရောက်ချလာ၏။ညီမဆိုသော်ငြား ညီမ,မဟုတ်သော ညီမဟုဆိုရပေလိမ့်မည်။သော်တာက အိမ်ပေါက်ဝမှ ဖွဖွထွေးကာ မင်းမောင်အားလှမ်းခေါ်တော့ အိမ်ပေါ်မှ သူ့ဖေဖြစ်သူကလည်း ခေါ်သံနဲ့အညီ အော်လို့ထူးရှာသည်။

"ရောက်ပြီလား ယောက်ဖ.."

ကလေးအားပွေ့ချီရင်း အောက်ကိုဆင်းပြီး ယောက်ဖဖြစ်သူကိုကြိုဆိုရသည်။

"အေး ရောက်ပြီလေး.."

"ရောက်လာပေးတာ ကျေးဇူးဘဲကွာ ယောက်ဖ"

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now