အပိုင်း ၂၅

30 1 0
                                    

မနက်လင်းပြန်တော့ တောသို့သွားရန်ပြင်ဆင်ရပြန်သည်။ညက ကလေးသေးပေါက်လို့လဲထားသည့် ​သေးစိုအနှီးတွေကိုယူကာ ရေချိုးပုံးထဲသို့ထည့်ရန်ပြင်တော့ ရေချိုးပုံးက ရှာလို့မတွေ့။

"အမေ ရေချိုးပုံးက ဖယ်မှာလဲ ၊ မနေ့က ကျွန်တော် ခွေးအိစင်ပေါ်မှာတန်င်ထားခဲ့တာ အခုမတွေ့လို့"

ခန့်နောင် ခွေးအိစင်ပေါ်မှနေ၍ လှမ်းမေးတော့ အမေကပြန်ဖြေလာသည်။

"ဟဲ့ အဲ့နားမှာပါ့ ရှိမှာပါ မောင်လေးရဲ့ သေချာကြည့်စမ်းပါ"

သမက်ယောက္ခမနှစ်ယောက်ပြောင်းပြန်တကာလန်အောင်ရှာနေစဥ် အလေးက လှမ်းပြောလာသည်။

"မောင်မောင် ပုံက ဒယ်မှာ ၊ အလေးရယ် အိမ်သာရေထည့်ဖို့ယူသွားတာ "

ပြောရင်းဆိုရင်းပုံကိုလှမ်းကာပေးလာသည်မို့ လက်လှမ်းယူလိုက်ရင်း ပြောလိုက်သည်။

"အော...အေးပါ အလေးရယ် ၊ ပုံကနှစ်ပုံးထဲရှိတော့ အဆန်င်မပြေသေးပါဘူး ၊ နောက်ထပ်တစ်ပုံးဝယ်အုံးမယ်"

အိမ်သားက ခြောက်ယောက်ရှိပြီး ရေချိုးပုံးနှစ်ပုံးထဲနဲ့တော့ အဆင်မပြေ။မင်းမောင်နဲ့အဖေက ရေချိုးပုံးမလိုသော်လည်း အလေး၊မေမေနဲ့ ခန့်နောင်တို့ကရေချိုးပုံးလို၏။ခန့်နောင်လည်း ယခင်တုန်းကတော့ ရေချိုးပုံမသုံးသော်လည်း ယခုတော့မရ။ကလေးအဝတ်တွေလျှော်ဖို့ပုံးက လိုလာ၏။ထို့ကြောင့် ပုံးခပ်သင့်သင့်လေးတစ်ပုံးဝယ်ဖို့ဆုံးဖြတ်လိုက်သည်။

တွေးရင်း အိမ်ပေါ်တက်ကာ လျှော်ရမည့်အဝတ်တွေကို လုံးထွေးထည့်လိုက်၏။ပြီးနောက်  အိပ်ရာနိုးကာ တစ်ဗြဲဗြဲငိုနေသည့်ကလေးကို အသာပွေ့ချီကာ အမေ့ဆီသို့သွားရသည်။ထို့နောက် အမေလက်ထဲကလေးထည့်ကာ ထမင်းစားသောက်ကြသည်။ထမင်းစားပြီးတော့ မင်းမောင်က မိုးကာသုံးချပ်ကိုယူလို့ နှီးပြားတွေနဲ့စည်းကာ ပုခုံးပေါ်ထမ်းပြီးယူသွားလေတော့သည်။ထို့ကြောင့် ခန့်နောင်လည်း သောက်ရေဘူ၊ရေဖလားနဲ့ ထန်းလျက်ဘူးကိုယူပြီး ပေကျပ်(ပလိုင်း)ထဲထည့်ကာ ရေချိုးပုံးကိုလက်မှဆွဲ၍ အနောက်ချောင်းပြင်တောသို့ထွက်ခဲ့တော့သည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Där berättelser lever. Upptäck nu