အပိုင်း ၂၂

39 1 0
                                    

"အသည်း ချစ်တယ်ကွာ..."

ခပ်အက်အက်အသံဖြင့် အိပ်ရာထက်တွင်လဲလျောင်းနေရင်း အိမ်ခေါင်မိုးပေါ်မော့ကြည့်ကာပြောလာသည့်မောင်က ခန့်နောင်အတွက်တော့ တစ်ကယ့်ရင်ခုန်ဖွယ်ရာအတိ။

"အပိုတွေဆိုနေပြန်ပြီ မောင်ရယ်...၊နေရန်င်းထိုင်ရန်င်းနဲ့ ဖယ်လိုဖြစ်လို့ ပွေဖောက်လာပြန်ရတာလဲ ဟမ်"

မောင့်ဘက်သို့မျက်နှာလှည့်ကာ မောင့်မျက်နှာချောချောကြီးအား ငေးမောရင်း အကြင်နာစကားလည်းမဆိုသာ ငေါက်ငမ်းသည်လည်းမမည်သာသော စကားလေးတစ်ခွန်းလေးဆိုလိုက်သည်။

"အော...ပိုတယ်လို့လည်း ဖယ်ရှိပါ့မလဲ အသည်းရယ် ၊ ဒယ်မှာကြည့် မောင့်ရန်င်ဘတ်ထဲမှာ အချစ်တွေ အားကြီးရှိတယ် သိလား"

မောင်က သူ့ရင်ဘတ်ကြီးကိုပုတ်ပြကာ ပြောလာတော့ ခန့်နောင်မယုံပါဘူးဆိုသောအဓိပ္ပါယ်ဖြင့် နှုတ်ခမ်းများကိုမဲ့ရွဲ့ပစ်လိုက်သည်။

"မောင့်ကို မယုံဘူးပေါ့ ဟမ် ၊ မယုံဘူးလား ဟုတ်လား"

ပြောရင်းဆိုရင်းမောင်က လဲလျောင်းနေရာမှထထိုင်ကာ သူ၏လက်များကိုခန့်နောင်ခါးပေါ်သို့တင်ပြီး ကလိထိုးပါတော့သည်။

"အဟား...ဟား..ဟား..မလုပ်နဲ့ မောင့် ယားတယ်"

"ဟမ် ယုံပြီလား "

ပြောရင်း ကလိထိုးတာမရပ်သောမောင်ကြောင့် ခန့်နောင်ခမျာ ခန္ဓာကိုယ်ကြီးကိုတွန့်လိမ်ထားကာ မောင့်ကိုပြောရသည်။မောင်က ယုံတယ်မပြောမချင်းကလိထိုးနေမှာ။

"ယုံပါတယ်... ယုံပါတယ် မောင်ရဲ့ ကလိဆက်မထိုးနဲ့တော့နော် ၊ ငါက ဒယ်အတိုင်းစလိုက်တာပါ"

ထိုသို့ပြောလိုက်တော့မှ ကလိထိုးနေသောလက်များကိုရပ်တန့်လိုက်ပြီး ခန့်နောင်အားပြုံးပြုံးကြီး  စိုက်ကြည့်လာသည်။

"ချစ်တယ်..."

မောင်ရဲ့ချိုမြိန်လွန်းသောမျက်ဝန်းများကိုပြန်လည်စိုက်ကြည့်ရင်း သူ့နှုတ်မှစကားတစ်ခွန်းဆိုလိုက်သည်။

"ငါလည်း ချစ်တယ် "

နှစ်ယောက်သား အချစ်စကားတွေဆိုကာ အကြင်နာတွေသီကြူးနေစဥ် အိမ်အရှေ့မှ အမေ့ခေါ်သံကိုကြားလိုက်ရသည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now