အပိုင်း ၆

44 2 0
                                    

ထမင်းစားပြီးတော့ အိမ်မှာခဏထိုင်နားလို့ အမေတို့နဲ့စကားပြောဖြစ်သည်။

"မောင်လေး မနက်ခါ ကောက်စိုက်ထူးထားတယ် လိုက်ချည်နော့"

(ထူးတယ်ဆိုတာက အငှားလိုက်မယ်လို့ အခင်းရှင်ကိုပြောခဲ့တာကိုဆိုလိုတာပါ)

"ဟုတ် အမေ ဖယ်နှစ်ယောက်အပြတ်လဲ"

(အပြတ်ဆိုတာက ၁၀ယောက်စိုက်ရမှာကို ၅ယောက်နဲ့အပြီးစိုက်ပြီး လူငါးယောက်က လူဆယ်ယောက်စာကိုခွဲဝေယူတာကိုပြောတာပါနော်)

"မင့်တို့တစ်ဖွဲ့လုံးအတွက်ထူးခဲ့တာဘဲ သုံးချီဆင်းရမလားတော့မသိဘူး"

"ရတယ် အမေ ကျွန်တော်တို့သုံးချီလည်းဆင်းနိုင်တယ်"

(သုံးချီဆိုတာက မနက်၆နာရီကနေ နေ့ခင်း ၁၀ နာရီအထိက တစ်ချီ၊မနက်၁၁နာရီကနေ ညနေ၂နာရီအထိက တစ်ချီ၊ ​နေ့ခင်း၂နာရီကနေ ညနေ ၅နာရီခွဲထိက တစ်ချီပါနော်)

"အေးအေး နားလို့လုပ်ကြ ထာနဲ့ ဘုန်းကြီးကျောင်းထဲမှာ ဘုန်းကြီးကစိုက်အုံးမယ်လို့ပြောတယ်"

ဘုန်းကြီးကျောင်းခြံစည်းရိုးထဲတွင် လယ်ကွက်၃ကွက်ရှိသည်။ထိုလယ်ကွက်တွေကို လုပ်အားပေးစိုက်ပျိိုးသည်။ရိတ်သိမ်းသည့်အခါတွင် တစ်ယောက်ယောက်ကို အပြတ်လုပ်ခိုင်းသည်။စပါး၁၀၀ထွက်လျှင် အပြတ်လုပ်သူကို ၂၅တင်းပေးကာ ရိတ်သိမ်းစေသည်။နောက်ပြီး ထိုစပါးများကို ပေါက်စျေးထက်ချိုသာစွာရောင်းချပေးပြီး ရွာဘုံရန်ပုံငွေအဖြစ်ထားရှိပေးသည်။

"ပျိုးပင်က ဖယ်ကရမှာတဲ့လဲ အမေ"

"အရှေ့ကွက်သိုက်ထဲက အလှူရင်နှစ်ဦးပေါ်တယ်တဲ့ အမေတို့လည်း လှူအုံးမှာပါ"

"အိမ်နှံက ဖယ်တော့စိုက်မှာလဲ အမေ"

(အိမ်နှံက အိမ်ကယာခင်းကိုပြောတာပါ)

"ရက်မကွဲသေးဘူး မောင်လေးရေ လယ်က အခုမှကြမ်းထားတုန်းရယ်"

(ရက်မကွဲသေးဘူးဆိုတာက စိုက်ရမဲ့ရက်မသေချာသေးဘူးလို့ဆုလိုတာပါ)

"ဟုတ်ကဲ့ အမေ"

"ရက်ကွဲရင်တော့ အမေရွာထဲသွားပြီး အငှားသမားတွေရှာမှာပါ"

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now