အပိုင်း ၁၁

26 1 0
                                    

ညလုံးပေါက် သီချင်းဖွင့်ထား၍ သီချင်းသံက ရွာတစ်ရွာလုံးကိုဖုံးလွှမ်းကာ အခြားရွာဘက်ထိပင် ​ပျံ့နှံ့လို့နေသည်။

မနက်ထမင်းကျွေးသွားရမည်မို့ ခပ်စောစောထလိုက်သည်။မျက်နှာသစ်သွားတိုက်ပြီးသည်နဲ့ သနပ်ခါးကိုခပ်ပျစ်ပျစ်သွေးပြီး ပါးပေါ်တင်လိမ်းလိုက်သည်။ပြီးနောက် စတစ်အင်္ကျီနဲ့ ယောပုဆိုးတစ်ထည်ကိုထုတ်ဝတ်ပြီး ဆံပင်ကိုဆီလိမ်းလို့ သေချာဖြီးသင်လိုက်သည်။

"အလေး ထမန်င်းဇလုံက ဖယ်မှာလဲ မောင်မောင်ယူသွားလိုက်မယ်"

"အမ်း စားပွဲပေါ်မှာလေ မောင်မောင်ရဲ့"

မီးဖိုထဲဝင်ကာ စားပွဲကိုကြည့်လိုက်တော့ ထမင်းကဇလုံနဲ့အပြည့်ဖြစ်ကာ အငွေ့တစ်ထောင်းထောင်းထလျှက်။

အဝတ်စုတ်တစ်ခုနဲ့ခုပြီး ​ယူကာ မဏ္တပ်ရှိရာသို့ထွက်ခဲ့လိုက်သည်။နောက်ပြီး ထမင်းထည့်မည့်ဇလုံအကြီးကြီးထဲသို့ လှယ်ထည့်လိုက်သည်။နောက်ပြီး နေရာမှတ်မိသားမိအောင်ထားကာ ထမင်းကျွေးရန်အတွက်အသင့်ပြင်ဆင်ရသည်။အကုန်လုံးပြင်ဆင်ပြီးပေမယ့် ရေသောက်မည့်ရေဘူးနေရာတွင် ရေဖလားကမရှိ။

နောင်က ပန်းကန်တွေကိုသေချာရေဆေးနေသည်မို့ နောင့်အနားသွားကာမေးလိုက်သည်။

"နောင်...ရေဖလားတွေ့မိသေးလားဗျ မောင် ရေဖလားမတွေ့လို့.."

နောင်ဆေးနေသောပန်းကန်ကိုဆွဲယူဆေးရင်းပြောတော့ နောင်က လက်သည်းထိပ်ဖြင့် သူ့အသားကိုလာဆိတ်သည်။

"အာ့ နာလိုက်တာဗျ ဖာလို့ဆိတ်တာလဲဗျ"

အဆိတ်ခံရသည့်နေရာကို လက်ဖြင့်ပွတ်ရင်း စောဒကတက်မိတော့ မျက်စောင်းတစ်ချက်လက်ဆောင်ရလိုက်လေသည်။

"မင်းဖယ်လိုဖြစ်နေတာလဲ လူကြားထဲ အဲ့လိုမသုံးနဲ့ဆိုတာကို..."

"အင်းအင်း ကျွန်တော်မှားသွားတယ်နော် တောင်းပန်ပါတယ်​ဗျ"

တောင်းပန်စကားဆိုလိုက်တော့မှ မျက်နှာကြောပြေလျော့သွားသည့်သူ၏အသည်း။

"ဟိုမယ် ရေဖလားတွေက ငါဆေးပြီးမှောက်ထားတာ မင်းမမြင်ဘူးမဟုတ်လား"

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Unde poveștirile trăiesc. Descoperă acum