Be My Husband-(1)

887 24 0
                                    

"ကျွန်တော် ခင်ဗျားကိုချစ်တယ်Alien!"

ဆိုးလ် မြို့က Law schoolတွင်ဖြစ်သည်...ကျောင်းဖွင့်ခါစမလို့ ကျောင်းသားကျောင်းသူများနှင့်ပြည့်နေသည်။...Law school ပထမနှစ် အတန်း(A)တွင်ဖြစ်သည်....

လူတိုင်းက သူငယ်ချင်းကိုယ်စီဖြင့် စကားပြော ဆူညံနေသည်...ထိုထဲတွင် စာသင်ခန်းရဲ့ ရှေ့ဆုံးပြတင်းပေါက်နားက ခုံလေးမှာ ထိုင်ပြီး အပြင်သို့ငေး​ကြည့်နေသော ကောင်လေးတစ်ယောက်ရှိသည်....သူက တစ်ယောက်တည်း အပေါင်းအသင်းလည်း မရှိသေးပေ...

"Attention please!"

အတန်းထဲသို့ အတန်းပိုင်ဆရာမ ဟိတ်ဟန်ဖြင့် အမျိုးသမီးတစ်ဦး၀င်လာသည်...ပုံစံကတော့ စည်းကမ်းအတော်ကြီးမည်ထင်..

"Ok မင်းတို့က ဥပဒေပထမနှစ် ကျောင်းသားတွေ ဟုတ်တယ်မလား"

"ဟုတ်ပါတယ်"all

"Trက မင်းတို့ရဲ့ အတန်းပိုင်ဆရာမ နာမည်က Han Eun Ji ပဲ ခုက မင်းတို့က ခုမှစတက်ရတာဆိုတော့တစ်ယောက်နဲ့ တစ်ယောက် သိသွားအောင် နာမည်နဲ့ အသက်ကို ပြောပြီး မိတ်ဆက်လိုက်ကြ"

ဆရာမ က စည်းကမ်းကြီးပုံပေါ်ပေမယ့် ခုနေတော့ ချိုချိုသာသာပဲ ပြောနေသေးတယ်...နောက်ပိုင်းတော့ ဘယ်လိုလာမလဲမသိပေ...

ဆိုတော့ ကျောင်းသူကျောင်းသားများက တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်လာရာ ကျွန်တော့်ရှေ့ကကောင်လေး အလှည့်သို့ရောက်လာသည်..လူကောင်ကတော့ နည်းနည်းသေးတယ်..ဒါပေမယ့် ချစ်ဖို့တော့ ကောင်းသည်..

"Hi friends ငါ့နာမည်ကတော့ Park Jimin ပါ အသက်က ၂၁နှစ်"

ဟမ် ၂၁နှစ်!! ငါ့ထက် ၂နှစ်တောင် ကြီးတာဟ...
ကျွန်တော့်အလှည့်ရောက်လို့လာသည်...

"နာမည်က Jeon Jungkook ပါ အသက်က ၁၉နှစ်"

ကျွန်တော့်အသက်ကိုလည်း ပြောပြီးထိုင်လိုက်ရော ထိုကောင်လေးက အနားကပ်လာသည်...

"ဒီက မင်းက ၁၉နှစ်ပဲရှိသေးတာလား"

"ဟုတ်ကဲ့.."

"အင်း ဒါဆို မင်းက ဒီအတန်းထဲမှာ အငယ်ဆုံးပေါ့"

"ဗျာ"

♡Be My Husband♡Where stories live. Discover now