Be My Husband-(20)

333 26 8
                                    

Jungkook စိတ်တွေအလွန်ပူနေသည်...Taehyung ကိုဒီအတိုင်းဆုံးရှုံးရမှာလား...မျှော်လင့်ချက်မဲ့ပြီလား...

"Doc လူနာ နှလုံးခုန်နှုန်းတွေထိုးကျနေတယ်...သွေးတွေ ဆက်တိုက်ထွက်နေပြီ.."

Jungkook ဖင်ထိုင်လျက် လဲကျသွားသည်......မဖြစ်ရဘူး Taehyung အနားကထွက်မသွားပါနဲ့...

"Doc ရအောင်ကယ်ပေးပါ A..Aသွေးရောမရဘူးလား ကျွန်တော့်သွေးပေးပါ့မယ် ကျေးဇူးပြုပြီးကယ်ပေးပါ"

Jungkookမှာ ငိုကြီးချက်မနဲ့ ပြောလေသည်..Jiminနဲ့ Yoongiမှာ ထိုအဖြစ်အပျက်ကိုအံ့သြနေကြသည်..Jungkookက သိပ်မငိုတတ်တဲ့သူမျိုး...Alienဖြစ်တုန်းက တစ်ခါငိုခဲ့ပေမယ့်..ဒီလောက်ထိ အငိုမကြီးခဲ့..သူTaehyungကိုချစ်မိသွားပြီဆိုတဲ့ အတွေးက နှစ်ယောက်လုံးတွင်၀င်လာသည်...

"မရဘူး ABသွေးမှ ရမှာ..."

Docက ခွဲခန်းထဲ၀င်မယ်အလုပ် အနောက်ကနေပြောလိုက်တဲ့ အသံကြောင့် Jungkookမှာ ချက်ချင်းမတ်တပ်ထရပ်မိသည်ထိ...မျှော်လင့်ချက်ရောင်ခြည်ဟာ သန်းလာခဲ့သည်...

"ကျွန်တော် လိုနေတဲ့သွေးကိုလှူမယ် Doc"

"အိုကေ ကောင်းပြီ ခုချက်ချင်းခွဲခန်းထဲလိုက်ခဲ့ပါ လူနာက အရေးကြီးနေပြီ"

Jungkook တို့ ထိုလူကိုကြည့်နေမိသည်...ဘယ်သူလဲ ဘယ်ကလဲ..သူတို့မသိ..ဒီအတိုင်း၀င်လာပြီး သွေးလှူမယ်ပြောနေလေသည်...Jungkook ဒါတွေစိတ်၀င်မစားတော့ အဓိကက Taehyung အသက်ရှင်ဖို့ပင်...

ထိုလူနဲ့ Docမှာ ခွဲခန်းထဲသို့၀င်သွားကြသည်...Jungkook ထိုလူ့ကိုကျေးဇူးတင်မလို့ရှိသေး ပြုံးပြကာ ၀င်သွားတာကြောင့် ကြောင်အနေမိသည်...ဘာလဲ သူနဲ့သိလို့လား...ဘာဖြစ်ဖြစ် ဒီလူ့ကိုလွှတ်ပေးတဲ့ ဘုရားရှင်ကိုကျေးဇူးတင်ရမည်...

ခွဲခန်းထဲ အချိန်တော်တော်ကြာသည်ထိ ထွက်မလာကြသေးပင်...Jungkook အရင်လိုပဲ ခွဲခန်းရှေ့ ခေါက်တုန့်ခေါက်ပြန်ရောက်နေပြန်သည်...ဒီတစ်ခါ Jimin တို့လည်းမပြောတော့ဘဲ လွှတ်ထားလိုက်တော့သည်...

ခနကြာတော့ ထပ်ထွက်လာတဲ့ Doc..Jungkook Docဆီပြေးသွားပေမယ့် Doc ကိုကျော်ပြီးခွဲခန်းထဲတောင်ရောက်တော့မလိုထိတောင် အရှိန်လွန်သွားသည်..

♡Be My Husband♡Where stories live. Discover now