Be My Husband-(9)

139 7 2
                                    

"ငါ့ရဲ့ အမျိုးသားလောင်းအဖြစ် ဟန်ဆောင်ပေးဖို့ကွ"

"ဗျာ!!"

လေထုဟာ ရုတ်တရက်အေးစက်သွားသည်...လောကကြီးဟာ အချိန်တွေမြန်ဆန်နေပေမယ့်..သူတို့အတွက်တော့ နှေးကွေးလွန်းလှသည်....တစ်ယောက်နှင့်တစ်ယောက်လည်း မည်သည့်စကားမျှ မဆိုပဲ စိုက်ကြည့်နေကြသည်...

အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ပေမယ့် သူတို့ရဲ့စစ်မှန်တဲ့တွေ့ဆုံမှုဟာ ခုတော့စတင်ခဲ့ပြီ...

_______

"ကိုကို!"

"ခရူး ခလော ခရူး ခလော"

"ကိုကိုဆို"

ပြန်မထူးပဲ အိပ်ပုတ်ကြီးနေသော Yoongiကြောင့် Jiminမှာ စိတ်လေရသည်...ရည်းစားလေးထားမိပါရဲ့...ကာလနဂါးကိုတင်​ကျွေးထားရတဲ့အတိုင်းပဲ..

"မထဘူးပေါ့ တွေ့မယ်"

Jimin တစ်ယောက်စိတ်ဆိုးဆိုးနဲ့ထွက်သွားပြီး...ဘာလုပ်မှန်းမသိပေ...နောက်တော့ လက်ထဲတွင်...speakerတစ်ခုယူလာသည်...

"ကိုကိုရေ ထတော့လို့"

Speaker နဲ့ အော်ပြောလိုက်တော့ ...လန့်နိုးလာလေသည်....ထို့နောက် ကြောင်တောင်တောင်ဖြင့် ဘေးပတ်၀န်းကျင်ကိုလိုက်ကြည့်နေသည်...

"ဘယ်တွေကြည့်နေတာလဲ လူကဒီမှာ"

ထိုတော့မှ Yoongi မျက်လုံးများကိုပွတ်ကာသေချာကြည့်ပြီး...

"ဘာလုပ်တာလဲ လူအိပ်နေတာကို"

"အော် မသိပါဘူး ကြောင်အိပ်နေတယ်ထင်တာ"

"minie နော်!"

Jimin က လက်မောင်းကို ဆိတ်ဆွဲလိုက်တော့ နာသွားဟန်ဖြင့် လက်ကိုပွတ်နေသည်...

"အား နာတယ် minie ဘာလို့စိတ်ဆွဲတာလဲ"

"နာတယ်ပေါ့ ကိုကိုပစ်ထားတဲ့ ခံရတဲ့ ဒီလူ့နှလုံးသားထက်နာတယ်ပေါ့"

"ဟင် ဘယ်မှာပစ်ထားလို့လဲ"

"မသိချင်ယောင်ဆောင်ပြန်ပြီ"

Jiminမှာပြောရင်းဖြင့် ငိုမဲ့မဲ့လေးဖြစ်လာသည်...Yoongiလန့်သွားကာ..Jiminမျက်ရည်များကိုသုတ်ပေးလေသည်...

♡Be My Husband♡Where stories live. Discover now