Be My Husband-(6)

136 5 0
                                    

Law Schoolရဲ့ နောက်ဆုံးနှစ်ကိုဖြတ်ကျော်ပြီး သူတို့မှာ မိမိလုပ်ချင်တဲ့ အလုပ်ခွင်သို့ရောက်ခဲ့ပြီ....Jungkook နဲ့ Alien တို့ရဲ့ ချစ်သူသက်တမ်းဟာလည်း 5 နှစ် နှစ်ပြည့်တော့မည်...

"စုံထောက် Jeonကိုခေါ်ပေး သူနဲ့ပဲပြောချင်တယ် ခေါ်ပေး"

"မရပါဘူးဗျာ စုံထောက်Jeonက ခု လုံးလုံးမအားလို့ပါ တစ်ခြားသူဆီလွှဲပြောင်းပေးပါ့မယ်"

"မရဘူး စုံထောက်Jeon နဲ့ပဲ ငါစိတ်ချတယ် သူ့ကိုခေါ်ပေးလို့"

လူတစ်ယောက်ဟာ စုံထောက်Jeonကိုဇွတ်အတင်းတွေ့ချင်နေတာကြောင့် ရဲ၀န်ထမ်းလေးမှာ ဘာလုပ်ရမှန်းမသိတော့....စုံထောက်Jeonက အတော်နာမည်ကြိိးသည်...ရဲဘက်ဆိုင်ရာကို ၀င်လာတာ တစ်နှစ်ပဲရှိသေးသည်...စုံထောက်ရာထူးကို ရသည်အထိ ထူးချွန်လှသည်..သူလိုက်ခဲ့တဲ့ အမှုတိုင်းက တရားခံဖမ်းမိတာများသည်...လူတွေပါးစပ်ဖျားမှာ နာမည်တွင်လေသည်....

"ဘာတွေဖြစ်နေတာလဲ"

Jungkook ၀င်လာသည်...ထို့ကြောင့် ထိုလူဟာ Jungkook အနားပြေးသွားပြီး...ခခယယတောင်းဆိုတော့သည်...

"စုံထောက် Jeon ကျွန်တော့်ကိုကူညီပါအုန်း...ကျွန်တော့်သားလေး ပျောက်သွားတာ ၃ရက်ရှိပါပြီ..နေရာတိုင်းမှာလည်း လူပျောက်တိုင်ပြီးပါပြီ ဒါပေမယ့် ဘယ်သူမှ အရေးမလုပ်ကြဘုး ဒါကြောင့်ကူညီပေးပါ စုံထောက်Jeon"

"ဘယ်လိုမှ ပြောလို့မရဘူးSir Sirကို ပဲတွေ့ချင်တယ်ဆိုပြိိး မနက်ကတည်းကလာစောင့်နေတာ"

"ဟုတ်ပြီ မင်း အလုပ်လုပ်လို့ရပြီ ဒီကိစ္စငါတာ၀န်ယူလိုက်မယ်"

"ဟုတ်ကဲ့ Sir" အလေးပြု

ထို့နောက်ထိုရဲ၀န်ထမ်းလေးထွက်သွားပြီး ဦးလေးကြီးကို နေရာမှာထိုင်စေရန် ညွှန်ပြလိုက်သည်...ဦးလေးကလည်း Jungkook ပြောတဲ့ အတိုင်းနေရာမှာ၀င်ထိုင်လိုက်သည်...

"ကဲ ပြောပါအုန်း ဦးလေးသားက ဘယ်နှနှစ်လဲ အရပ် မျက်နှာ အချိုးအစား..ပျောက်သွားတုန်းက ဘာအင်္ကျီ၀တ်ထားတာလဲ?"

Jungkook ကလိုအပ်တာတွေမေးတော့ ဦးလေးကြီးကလည်း တစ်ခုမကျန်အကုန်ဖြေလေသည်....

♡Be My Husband♡Where stories live. Discover now