Be My Husband-(14)

170 7 0
                                    

ဘာလိုလိုနဲ့ ၄ရက်ကျော်၅ရက်မြောက်ကိုရောက်ခဲ့ပြီ...၄ရက်လုံးလည်း လေ့ကျင့်လာခဲ့တာ မှားတာတွေလည်း အများကြီးမို့ ဒီနေ့ အထူးတလည်စိတ်ပူရသည်...အို...Jungkook အမေက Alienကိုမြင်မှမမြင်ဖူးဘဲ သူ့အကျင့်စရိုက်ဘယ်လိုရှိမှန်းလည်းမသိတာကြောင့် နည်းနည်းမတူလည်း မသိလောက်ပါဘူး...

ဒီနေ့ Jungkook အမေလာမှာမို့လို့ မနက်အစောကတည်းက Jungkook နဲ့Taehyungလေဆိပ်မှာသွားစောင့်နေခဲ့ကြသည်...Taehyung က Alien၀တ်လေ့ဝတ်ထရှိတဲ့ အ၀တ်အစားတစ်ချို့ကိုဝတ်ထားတော့ တကယ် Alienနဲ့ အထင်မှားလောက်သည်...

အချိန်အတော်ကြာသည်ထိစောင့်နေကြရာ ခနကြာတော့ ထွက်လာကြသည်....Jungkook သူ့အမေဆီပြေးသွားကာ ဖက်လိုက်သည်....Taehyungလည်း အနောက်ကနေ လိုက်သွားရသည်...

"အာရီဂူး အမေ့သားလေး လွမ်းနေခဲ့တာ"

"သားရောပဲ အမေ ဟိုမှာအဆင်ပြေရဲ့လား"

"အင်း ပြေတယ် သား"

သားအမိနှစ်ယောက် အတူမနေတာကြာပြီမို့ အလွမ်းသယ်နေကြသည်...

"Hi Jungkook"

အမျိုးသမီးတစ်ယောက်က Jungkook ကိုပြုံးပြကာ နှုတ်ဆက်လာသည်...Jungkookဘယ်သူမှန်းမသိတာကြောင့် ကြောင်ကြည့်နေမိသည်...

"အမေသူ ကဘယ်သူလဲ"

"ငါ့သားကတော့လေ မမှတ်မိဘူးလားသူ့ကို"

Jungkook ခေါင်းကုတ်ကာစဉ်းစားနေမိသည်...Taehyungလည်း ထိုအမျိုးသမီးကိုစိုက်ကြည့်နေမိသည် ..လှတာတော့ အတော့်ကိုလှသည်....ဒါပေမယ့် Jungkook နဲ့ဘယ်လိုပတ်သတ်နေတာလဲ...

"သားကတော့လေ သူက Yong Seoလေ သားရဲ့ Nunaလေ"

Jungkook ခနတွေးကာ ပြီးတော့မှ သတိရသွားဟန်....

"အော Nuna Yong Seo သားငယ်ငယ်တုန်းက အတူဆော့ခဲ့တဲ့ မမ လား"

"ဒါပေါ့ ကောင်စုတ်လေးရဲ့ Nunaရဲ့ cookieလေးက Nunaကိုမေ့နေတယ်ပေါ့လေ"

cookieလေး? သူကဘာလို့cookieလေးလို့ခေါ်တာလဲ...

"မဟုတ်ပါဘူးဗျာ ရုတ်တရက်ဆိုတော့ ပြီးတော့ Nuna ကသိပ်လှလာတာကို"

"ဟွန့် နော် Nuna စိတ်ဆိုးတယ် cookieကို"

"ဟောဗျာ"

♡Be My Husband♡Where stories live. Discover now