သို့နှင့် သို့နှင့် ၆လကျော်ခဲ့ပြီ....
"ဟေး JJK"
"ဟင် ဒီအသံက"
လှည့်ကြည့်တော့ ဟုတ်လေစွ ကျွန်တော့်အချစ်လေးပင်...
"အော် Hyung ဘယ်လိုရောက်..."
ရင်ခွင်ထဲ ပြေး၀င်ကာ အဖက်ခံလိုက်ရသည်...ဘုရားကယ်တော်မူပါ ရင်ခုန်သံတွေထိန်းချုပ်မရတော့ဘူး...
"အာ H Hyungဘယ်လိုဖြစ်..."
"ခနလောက် ခနလောက်ဒီအတိုင်းနေလို့ရမလား ငါပင်ပန်းနေလို့"
သို့နှင့် အတော်ကြာ ဖက်ထားမိသည်...လေပြည်လေညှင်းလေးတွေတိုက်ခတ်ကာ...နေရောင်ဖြာကျနေတဲ့ ဒီမျက်နှာလေးက ဒီကကောင်ရဲ့ရင်ခွင်ထဲမှာ...ကျောပြင်ကိုပြန်ဖက်မည်လုပ်တော့...ဖက်ရာကနေလွှတ်လိုက်သည့်Hyungပေါက်လေး...
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်သမ်းကာ ရှက်နေကြသည်...
"ဆောရီး ငါပင်ပန်းပြီး စိတ်လွတ်သွားလို့"
"ရ ရပါတယ် Hyung"
နှစ်ယောက်သား တိတ်ဆိတ်သွားကာ လေတိုက်သံကိုပင်ကြားနေရသည်...ရှက်သွေးဖြာနေတဲ့ အဖြူရောင်အသားရေပေါ်က နီရဲရဲ ပါးမို့မို့လေးကို Jungkook ငေးကြည့်မိသည်...ဘာလို့ ကျွန်တော့်Hyungက သိပ်လှနေတာလဲ..ဖြစ်နိုင်ရင် ကျွန်တော့်အပိုင်ဖြစ်သာ သိမ်းသွင်းလိုက်ချင်မိသည်...
"ဟို...Hyung ကျွန်တော် ပြော ပြောစရာရှိတယ်"
"အော အင်း အင်း ပြော..လေ"
ရှက်စိတ်ကြောင့် နှစ်ယောက်သား စကားတွေပါထစ်နေသည်..Alienဟာ Jungkookကိုကြည့်ပြီး ပြောစကားကိုစောင့်နေလေသည်...Jungkook ဘယ်ကနေစပြောရမလဲမသိတော့...စိတ်လှုပ်ရှားကာ စကားလုံးတွေဟာ လည်ပင်းထဲကနေမထွက်တော့..
ကြိုးစားပြီးပြောဖို့လုပ်လိုက်သည်...
"ကျွန်တော် Hyung ကို ချစ်...."
"ဟေး Jungkook Alien"
အရှုပ်လေးက လာပြီဟေ့...ဖွင့်ပြောတော့မလို့ကိုကွာ...Jimin Hyung!!
"လတ်ဆက်သတ်တော့မင်းတို့က ဒီရောက်နေတာပဲ..ငါ့မှာဖြင့်ရှာလိုက်ရတာ.."
YOU ARE READING
♡Be My Husband♡
FanfictionTae-ဘာလို့ကျွန်တော်မဟုတ်တာလဲ.....ကျွန်တော်သဘောကျတဲ့သူတွေက ဘာလို့တစ်ခြားသူကိုပဲ ငေးကြည့်နေရတာလဲ ကျေးဇူးပြုပြီး ကျွန်တော့်ဘက် တစ်ချက်လောက်ကြည့်ပေးလို့မရဘူးလား Sir.....