Be My Husband-(11)

127 4 0
                                    

*တီ တီ တီ တီ*

ရုတ်တရတ် နှလုံးခုန်နှုန်းစက်ကထမြည်တာကြောင့် Jiminမှာလန့်သွားရသည်....

"A Alien"

Jimin တစ်ယောက် ဘာလုပ်ရမယ်မှန်းမသိတော့...ဆရာ၀န်ကိုသာ ခေါ်ရသည်...

"Doc Doctor!"

Jiminအော်သံကြောင့် ရုံးခန်းထဲစာရွက်စာတမ်းတွေကြည့်နေတဲ့ Seok Jinမှာ အသည်းအသန်ပြေးလာရသည်...

"Jin Hyung...လုပ်ပါအုန်း နှလုံးခုန်နှုန်းစက်က ထမြည်နေတယ်"

Seok Jin က သေချာစစ်ကြည့်တော့ အောက်ဆီဂျင် အားနည်းနေတာဖြစ်ပြီး...နှလုံးခုန်နှုန်းလျော့ကျသွားသည်ကိုသိရသည်...

"Nurse ခု ချက်ချင်း အောက်ဆီဂျင် အသစ်သွားလဲ မြန်မြန်"

Nurse လေးက ပြေးထွက်သွားပြီး Jin Hyung Alien ကို အနည်းငယ်သက်သာသွားအောင် လုပ်ပေးနေသည်...

Jimin မှာ စိတ်ပူနေတာကြောင့် Jungkook ဆီဖုန်းဆက်တော့သည်....

"ဟယ်လို Jungkook"

"........."

"Alien လေ....."

အဖြစ်အပျက်တွေကို အကုန်ပြောပြလိုက်တော့..Jungkookမှာသွေးဆောင့်တက်သလိုဖြစ်သွားကာ ချက်ချင်းဆေးရုံသို့ပြေးရလေသည်...

Jungkook ရောက်လာတော့ Alien ငြိမ်နေသည်...Jin hyungနဲ့ Jimin လည်း ဘေးမှာရှိနေကြသည်...ကြည့်ရတာ အခြေအနေ တည်ငြိမ်သွားဟန်...သို့သော် မတည်ငြိမ်နိုင်သူကြီးမှာ​တော့ အခန်းထဲသို့ ဗြုန်းသိုင်းပြေး၀င်လာတော့သည်...

"Alien Alien!"

Jungkook မှာ Alienနားကိုပြေးသွားတာ ဘေးလူတွေကို ၀င်တိုက်မတတ်...

"Alienဘယ်လိုဖြစ်တာလဲ"

"အောက်ဆီဂျင်နည်းသွားတာ ခုတော့ အောက်ဆိဂျင် အသစ်လဲထားပေးတယ် အခြေအနေကတော့ တည်ငြိမ်သွားပြိိ..."

Jungkookမှာ မျက်ရည်များပင်ကျလာတော့သည်...Alienမရှိလျှင် သူ့ဘ၀လည်း အဓိပ္ပာယ် မဲ့သွားသလိုပင်...

"ကိုယ် တောင်းပန်ပါတယ် ခုထက်ထိ Alienအတွက် လက်စားမ​ချေပေးရသေးဘူး...ကိုယ်တကယ်တောင်းပန်ပါတယ်.."

"Jungkook ရာ စိတ်ညစ်မနေနဲ့ အဲ့ကောင်ကို သေချာပေါက်ဖမ်းမိမှာပါ...Alienဘ၀က မင်းအပေါ်မူတည်နေတာနော် သူ့ကိုစိတ်ပျက်အောင်လုပ်မလို့လား"

♡Be My Husband♡Where stories live. Discover now