Be My Husband-(5)

130 3 0
                                    

"Yaa Lee Chae Yoon!"

အနောက်ကကောင်မလေးတစ်ယောက်က သူမကိုလှမ်းခေါ်သည် ပုံစံက ပြာပြာသလဲဖြင့်ပြေးလာတာ ချော်လဲမတက်...

"ဘာဖြစ်တာလဲ"

"ဟို နင့် နင့်"

"ဟဲ့ ပြောစမ်းပါ ဘာတွေထစ်နေတာလဲ ငါ့ဘာလဲ"

"နင့်Crush ကြီးပါသွားတော့မယ်ဟ"

"ဘာ!"

Chae Yoon ရဲ့စိတ်တွေ ပူထူလာကာ ဒေါသတွေအလှိမ့်လှိမ့်ထွက်လာသည်...

"အေး ခုပဲ စီနီယာ Jungkook က Alienကိုဖွင့်ပြောတော့မှာတဲ့ သတင်းတွေထွက်နေတယ်"

"ဟဲ့ဟဲ့ Chae Yoon!"

Chae Yoon မနေနိုင်တော့ Jungkookတို့ အခန်းဆီကို ဒုန်းဆိုင်းပြေးတော့သည်...

အခန်းသို့ရောက်တော့ လူတိုင်းက တစ်စုံတစ်ခုကိုကြည့်နေသည်...ဟုတ်လေစွ Jungkook နဲ့ Alienကို၀ိုင်းကြည့်နေကြခြင်းပင်...

"Jungkook မင်းငါ့ကိုဘာပြောမလို့လဲ ပြီးတော့ သူတို့အားလုံးက ဘာလို့ငါတို့ကိုကြည့်နေတာလဲ"

ထိုစဥ် Jungkook က ရှက်ရှက်ဖြင့် Alienရှေ့ဒူးထောက်ချလိုက်သည်...

"၀ိုးးးးး"

အကုန်လုံးကလည်း အံ့သြမှင်သက်ကာ အာမေဋိတ်များထွက်ပေါ်လာသည်...ထို့နောက် Jungkookက သူ့အင်္ကျီအိပ်ကပ်ထဲက နှင်းဆီနီနီ တစ်ပွင့်ကိုထုတ်ကာ Alienရှေ့သို့ ထိုးပေးလေသည်...

Alienကလည်း ဘာလဲ ဟုဆိုကာ ယူလိုက်သည်...နှင်းဆီပန်းလေးက အဖူးလေးမို့ ပွင့်အောင် ဖွာကြည့်လိုက်ရမှာ အထဲ၌ ပစ္စည်းတစ်ခုကိုတွေ့သွားပြီး Alienပါးစပ်ကို လက်ဖြင့်ပိတ်ပြီး အံ့သြခြင်းဆီသို့...

ထိုပစ္စည်းလေးကို Jungkook က ယူပြီး Alienကိုပြောလေသည်...

"ကျွန်တော် Hyungကို ချစ်တယ်"

ထိုစကားကြားတော့ Alienတင်မက အတန်းထဲရှိသူများအားလုံးပါ ရင်ခုန်သွားရသည်...

"၀ိုး အမယ်လေး ကြည်နူးဖို့ကောင်းလိုက်တာ"

"အေးဟယ် ငါတော့သဘောကျတယ်"

"Jungkookက တကယ်မိုက်တယ်ဟာ"

သဘောကျလွန်းလို့ တစ်ယောက်တစ်ယောက်ဆီက အားကျသံများထွက်ပေါ်လာတော့သည်...

♡Be My Husband♡Where stories live. Discover now