Be My Husband-(8)

161 10 0
                                    

"စခန်းမှူး စခန်းမှူး ကျွန်တော်ပြောတာနားထောင်ပါအုန်း"

စခန်းမှူးရဲ့နောက်ကို အတင်းရောကာ လိုက်နေရသည်...အကြောင်းရင်းကား....

"မင်းတော်လိုက်တော့ ငါခွင့်မပြုဘူး"

"စခန်းမှူး....ဘာလို့လဲ ဘာလို့ခွင့်မပြုရတာလဲ ဒီကိစ္စက ကျွန်တော်တို့ရဲတွေ စုံထောက်တွေရဲ့တာ၀န်လေ ပြိိးတော့ ခုဖြစ်သွားတာက ကျွန်တော့်ချစ်သူ ကျွန်တော်ချစ်ရသူ"

"အေး မင်းချစ်သူမို့လို့ပေါ့ကွ...ရဲ တစ်ယောက်ရဲ့ မိသားစုဆွေမျိုး တစ်ဦးတစ်ယောက်အမှုဖြစ်ရင် အဲ့ရဲ က အမှုကိစ္စမှာ ဦးဆောင်လို့မရတာမင်းသိလား...ဥပဒေကို နားမလည်ဘူးလား မင်း"

"နားလည်ပါတယ် စခန်းမှူး....ဒါပေမယ့်..."

စခန်းမှူးက စားပွဲခုံကို ထုလိုက်တော့ Jungkook နည်းငယ်တွန့်သွားသည်...သူတို့စခန်းမှူးက ဒေါသထွက်ရင်သိပ်ကိုကြောက်ဖို့ကောင်းတာ...

"ငါ့ရုံးခန်းထဲက ထွက်သွားတော့ မဟုတ်ရင် မင်းကို ဌာနချုပ်ဆီိပို့ရလိမ့်မယ်...ဒီအမှုကို တခြားသူ လိုက်လိမ့်မယ် မပူနဲ့"

စခန်းမှူးပြောတာကို သူနားလည်သည်...ဒါကြောင့်မို့ ဘာမှ ဆက်မပြောဘဲ စိတ်ဓာတ်ကျစွာဖြင့် ရုံးခန်းထဲကနေ ထွက်သွားရသည်...တခြားသူလိုက်မှာမို့ ပိုလို့ပင်စိတ်မချရသည်....

"ဟျောင့် Jungkook အဆင်ပြေလား!"

"မပြေဘူး Hyung စခန်းမှူးက လုံး၀ခွင့်မပြုဘူး စိတ်ညစ်လိုက်တာကွာ"

"ဒီအမှုကို ဘယ်သူလိုက်မှာတဲ့လဲ"

"အဲ့တာတော့မပြောဘူး တခြားသူလို့ပဲပြောတာ..."

Jungkook ရဲ့ စိတ်အားငယ်စွာပြောနေမှုကို Namjoon မှာ ကြည့်မနေနိုင်တော့...သူလည်း ဥပဒေ လောကကပဲ စခန်းမှူး ဘယ်လောက်ပဲငြင်းဆိုနေပါစေ ဥပဒေနဲ့ ယှဥ်လာရင်တော့ ရှေ့နေဖြစ်သူ ကိုယ်က ပိုသိတာမဟုတ်လား..

"ငါရအောင်ပြောကြည့်မယ် တကယ်လို့မရရင် အမှုကိုကိုင်တဲ့သူကိုသိအောင်လုပ်ပြီး...သူ့ကိုသေချာလိုက်ပေးဖို့တောင်းဆိုလိုက်မယ်ကွာ...တကယ်လို့တရားခံမိလာရင်လည်း ဒီအမှုကို နိုင်အောင် ငါလုပ်ပေးမယ် ငါAlienအတွက်ရှေ့နေလုပ်ပေးမယ်ကွာ"

♡Be My Husband♡حيث تعيش القصص. اكتشف الآن