Be My Husband-(17)

195 12 1
                                    

မနက်နိုးလာတော့ အနားမှာဘယ်သူမှရှိမနေခဲ့..ကြည့်ရတာအလုပ်သွားပြီထင်တယ်...Taehyung အောက်ပိုင်းတစ်ခုလုံးနာကျင်နေတာမို့ ကုန်းရုန်းကာ ထလိုက်တော့ အခန်းထဲ၀င်လာသူ...နက်ခ်တိုင်..ပြင်စည်းနေပြီး လက်ထဲက အထုပ်ကိုမိမိရှေ့ပစ်ချပေးသည်...

"ဒါကဘာလဲ Sir"

"ညကကိစ္စအတွက် တန်ရာတန်ကြေး"

စကားအဆုံးမှာ Taehyung မျက်ရည်များပါးပြင်သို့စီးကျလာသည်...ခန္ဓာကိုယ်ရဲ့နာကျင်မှုထက် ရင်ဘတ်ကနာကျင်မှုကပို၍ပြင်းသည်..တန်ရာတန်ကြေးတဲ့လား..

"Sir ကျွန်တော်လိုချင်တာ ငွေမဟုတ်ဘူး"

"ဒါဆိုဘာလဲ အိမ်လား ကားလား"

"Sir Sirဆီကချစ်ခြင်းမေတ္တာ"

"ဘာ ဟားဟားဟားဟား"

Jungkook အကျယ်ကြီး လှောင်ကာရယ်လိုက်သည်...

"ချစ်ခြင်းမေတ္တာ ဟားဟား ဘာလဲ မင်းက ငါ့ဆီက အချစ်ကိုလိုချင်တာလား မင်း တော်တော် ပိန်းပါလားဟမ် ငါ့အချစ်တွေအကုန် Alienဆီပေးထားပြီးပြီ ညက ငါတို့ဖြစ်သွားတဲ့ကိစ္စကို မင်းက အချစ်လို့ထင်နေတာလား အဲ့တာက ဒီအတိုင်းငါစိတ်ညစ်နေလို့ မင်းအပေါ်ပုံချလိုက်တာ ဒါကိုမင်းက အချစ်လို့ထင်နေတာလား"

Jungkookရဲ့စကားကြောင့် Taehyungမျက်ရည်များပိုတိုးလို့ကျလာခဲ့သည်...ဘာလဲ ညကကြ ငါမှန်းသိရက်နဲ့ ခုကျ ချစ်လို့မဟုတ်ဘူးတဲ့လား...ဘာလို့လဲ ငါကသူ့အတွက် ကျွန်သက်သက်ပဲလား Sex partner  သက်သက်ပဲလား...ငါလည်း အသွေးအသားနဲ့လူပါဟာ ဒီလိုတော့ငါနာကျင်ရတယ်...ထုတ်ပြောလိုက်ချင်ပေမယ့် လျစ်လျူရှုခံရမှာပဲလေ...

"အာ ဆောရီး Sir ကျွန်တော် အိပ်ချင်မူးတူးနဲ့အတွေးတွေမှားသွားတာပါ ခွင့်လွှတ်ပါSir"

မျက်ရည်စတွေကို သုတ်ကာ ပြုံးပြုံးကြီးပြောနေပေမယ့်..ရင်ထဲကတော့ တစ်ဆစ်ဆစ်နဲ့နာကျင်နေခဲ့သည်ကို Jungkook သိမည်မဟုတ်...

"အဲ့တာဆိုလည်း မင်းဘာမင်း သန့်ရှင်းရေးလုပ်လိုက် အောက်ထပ်မှာ မနက်စာပြင်ထားတယ် သွားစား..ငါအလုပ်သွားလိုက်အုန်းမယ်"

ထိုသို့ပြောပြီး နက်ခ်တိုင်ကိုသေသပ်အောင်လုပ်ပြီး အခန်းထဲကနေ ထွက်ဖို့အလုပ် Taehyungကလှမ်းခေါ်လိုက်သည်...

♡Be My Husband♡Where stories live. Discover now