Be My Husband-(10)

138 7 0
                                    

"ကိုကြီးTaehyung သားသားတို့ကို တီဗီအကြီးကြီး၀ယ်ပေးပါလား"

JuJu လေးက မုန့်စားနေရင်းလှမ်းပြောသည်....

"ဟုတ်တယ် ဟိုဘက်အိမ်ကလေ တီဗီကြည့်ရင်ဆူညံနေတာပဲ တီဗီကလည်းအကြီးကြီးပဲ...ကာတွန်းကားတွေကြည့်တာ သားသားတို့သွားချောင်းကြည့်တာ"

Dannieကလည်း အားတက်သရောပြောနေရှာတာ...Taehyungဘာမှပြန်​မပြောနိုင်ခဲ့..

"အကို ကလေးတွေကတအားပူဆာကြတာ...အကို့ကိုလည်းအားနာလာပြီ.."

ကိုယ့်ထက် ၁၀နှစ်ငယ်တဲ့ကောင်မလေးက ကိုယ့်ကိုအားနာနာနဲ့ပြောလေသည်...

"ရပါတယ်ညီမရယ်...သွေးသားချင်းမတော်စပ်ပေမယ့်...မိသားစုလိုပဲလေ"

Taehyungက ထိုသို့ပြောတော့ ထိုညီမငယ်ဟာ ပြုံးကာ ခေါင်းလေးပင်ငုတ်နေတော့သည်...

"JuJu နဲ့ Dannieလေးက တီဗီကြီးကြီးလိုချင်တာပေါ့ဟုတ်လား"

"ဟုတ်" ပြိုင်တူ

"ဒါဆို ရအောင်လုပ်ပေးရမှာပေါ့ ကိုကြီးရဲ့ ချစ်ဆုံးလေးတွေပဲကို လာပါအုန်း မွှေးမွှေးပေးပါအုန်း"

"မွ"

"အာရီဂူး စိတ်ထဲလန်းဆန်းသွားတာပဲ"

Taehyungကသာ ပျော်နေပေမယ့် မပျော်နိုင်သူကတော့ ထိုညီမငယ်ပင်...

4 yrs ago....

"မမ ဟိုမှာ လူတစ်ယောင်ကို လူတွေများကြီး၀ိုင်းကန်နေကြတယ်"

မောင်လေးဖြစ်သူ​လက်ညှိုးထိုးရာကိုကြည့်လိုက်တော့ လူတစ်ယောက်ကို လူသုံးလေးယောက်လောက်က ၀ိုင်းကန်နေကြသည်....မိုးကလည်းရွာနေသည်...အကန်ခံရတဲ့သူမှာ လူးလိမ့်စွာခံနေရသည်...အစက ဒီအတိုင်းကျော်သွားမလို့ပဲ...သို့သော် ကိုယ်နဲ့ဘ၀တူချင်းနှိပ်စက်ခံနေရသည်မို့ ..ကူညီရယ်ဆုံးဖြတ်လိုက်သည်...

"မမ လုပ်အုန်း ဟို တိုကြီး သေတော့မယ်"

မောင်လေးက ထပ်မံပြောတာမို့ အနားမှာ ကူညီစရာရှာလိုက်ရာ ဝီစီတစ်ခုကိုတွေ့လေသည်...ကလေးတစ်ယောက်ပြုတ်ကျခဲ့တာထင်သည်...ဒါကိုအသုံးချရမည်...ဝီစီကို ကောက်ပြီး ၄နှစ်အရွယ် မောင်လေးကို လက်ဆွဲခေါ်ပြီး ၂နှစ်အရွယ် မောင်လေးကို ချီကာ သစ်ပင်နောက်တစ်ခု၌ပုန်းရှောင်လိုက်သည်..ထို့နောက် ကောက်ရထားတဲ့ ဝီစီလေးကို မှုတ်လိုက်သည်....

♡Be My Husband♡Where stories live. Discover now