Be My Husband-(19)

344 16 5
                                    

"Taehyung ရှာခိုင်းထားတာတွေ့ပြီလား..."

"မတွေ့သေးဘူး ဥက္ကဌJung ဒါပေမယ့် လူတစ်ယောက်ကိုတော့ သတင်းရထားတယ် သူက Kim Taehyung ဟုတ်မဟုတ်က မသေချာသေးပါဘူး"

"သူ့ကိုထပ်စုံစမ်းခဲ့ Taehyungကိုတွေ့မှဖြစ်မှာ"

"ဟုတ်ကဲ့ပါ ဥက္ကဌ Jung"

Hoseok တစ်ယောက် Taehyungကိုအသည်းအသန်လိုက်ရှာနေရသည်...သူ့ညီအရင်းမှန်းအစကတည်းကသိခဲ့ရင် ခုလိုTaehyung ပျောက်သွားမှာမဟုတ်...ပျောက်သွားတယ်မဟုတ် အိမ်ပေါ်ကနှင်ထုတ်ခံရမှာမဟုတ်ဘူး...ငါအတော်အသုံးမကျတဲ့ အစ်ကိုပဲ...

"Tae မင်း ဘယ်ရောက်နေတာလဲကွာ Hyungဆီပြန်လာပါတော့...Hyung မှားခဲ့ပါတယ်ကွာ မင်းကို Hyungညီအရင်းမှန်းမသိခဲ့ဘူး...သိခဲ့ရင် မင်းကိုရအောင်ကာကွယ်ခဲ့မိမှာ...ပြန်လာပါ ကလေးရယ်"

__________

ဒီနေ့မနက် Jungkook ရာဇ၀တ်ကောင်ကိုဖမ်းဖို့သွားပြီဖြစ်သည်....သို့သော် Taehyungစိတ်ထဲ အလိုမကျဖြစ်နေသည်....နေရထိုင်ရတာအဆင်မပြေ...မိုးလင်းကတည်းက တစ်ခုပြီးတစ်ခုဖြစ်နေတာ...ပန်းကန်ကျကွဲလို့ကွဲ...ရေနွေးအိုးပြုတ်ကျလို့ ကျဖြင့်...မျိုးစုံကိုဖြစ်နေခဲ့တာ...သေချာတယ် ဒီနေ့တစ်ခုခုဖြစ်တော့မယ်...

Taehyung စိတ်ပူတာကြောင့်...Jiminဆီဖုန်းဆက်ကြည့်လိုက်သည်...

"Hello Jimin shi"

"အွန်း ပြော Taehyung ဘာဖြစ်လို့လဲ"

"ဟိုလေ Sir Jungkook ဘယ်သွားလဲ သိလားဗျ"

"အမ် ငါက ဘယ်သိမလဲ ငါက ရဲမှမဟုတ်တာ"

Taehyung စိတ်ပူလွန်ပြီး ဘာမှမဆိုင်တဲ့ Jiminကိုသွားမေးမိနေသည်...

"အော် ဟုတ်သား ကျွန်တော်မေ့သွားတာ တောင်းပန်ပါတယ် Jimin shi"

"ခနနေအုန်း ငါတစ်နေရာတော့သိထားတယ် သူတို့အဲ့ကိုသွားလားမသိဘူး သေတော့မသေချာဘူးနော်"

"ဟုတ် ဘယ်နေရာလဲဟင်"

"ဂန်းနမ်ခရိုင်ဘက်ပဲကွ ဘယ်ရပ်ကွက်လဲတော့င့လည်းမသိဘူး"

"ဟုတ် ကျေးဇူးပါ Jimin shi"

"မင်းနဲ့ငါနဲ့က ရွယ်တူတွေပဲ Jiminလို့ပဲခေါ်ပါ ရပါတယ်"

♡Be My Husband♡حيث تعيش القصص. اكتشف الآن