Be My Husband-(13)

136 5 0
                                    

*တီတောင်...*

အိမ်ရှေ့က ဘဲလ်တီးသံကြောင့် အလျင်အမြန်အိမ်ပေါ်ကဆင်းကာ ပြေးသွားလိုက်သည်...ကင်မရာကနေကြည့်လိုက်တော့စောင့်နေသူဖြစ်တာကြောင့်တံခါးဖွင့်ပေးလိုက်လေသည်...

Taehyungလည်းတံခါးပွင့်လာတာနဲ့ အိမ်ထဲသို့ဝင်လာလိုက်သည်...အိမ်ကခမ်းနားလှသည်...ဒါဟာရဲတစ်ယောက်နေတယ်ဆိုတာ မယုံနိုင်လောက်ပဲ အနုပညာရှင်တစ်ယောက်နေသလိုပင်...အိမ်ခြံတံခါးပေါက်နေအစ အိမ်ရှေ့တံခါးပေါက်ထိအဆုံး ဆင်ယင်ထားတဲ့ အပြင်အဆင် စိုက်ပျိုးထားတဲ့ သစ်ပင်ပန်းမန်တို့မှာစုံလင်လှသည်...

အိမ်ထဲသို့ဝင်လိုက်တော့ဆိုဖာပေါ်မှာခြေထောက်ချိတ်ကာ ထိုင်နေသော Jungkook...ဧည့်ခန်းထဲတွင်လည်း ရထားတဲ ဆု တံဆိပ်တွေ သင်တန်းဆင်းလက်မှတ်တြွေဖင့်ပြည့်နှက်လို့နေသည်...ထို့ပြင် Alienနဲ့ သူတွဲရိုက်ထားတဲ့ ပုံကားချပ်ကြီးမှာလည်း အိမ်ဉီးခန်းတွင်နေရာယူလျက်...

"ရောက်ပြီလား အချိန်တိကျသားပဲ လာထိုင်"

သူရှေ့က ဆိုဖာပေါ်မှာ လာထိုင်ခိုင်းတာမို့ သွားထိုင်လိုက်လေသည်...ဘာလို့မှန်းမသိပေမယ့် ကျောစိမ့်စိမ့်ကြီးခံစားရသည် Airconကြောင့်ထင်ပါရဲ့...

"ဒီနေ့ မင်းလုပ်ရမှာက Alienရဲ့ နေပုံထိုင်ပုံကိုလေ့ကျင့်ဖို့ပဲ.."

"လေ့ကျင့်ဖို့လိုသေးတာလား ရုပ်တူရင်ရပြီမဟုတ်ဘူးလား"

Taehyung အမေးကို Jungkook မျက်ခုံးတစ်ဖက်ပင့်တင်ကာ စုတ်တစ်ချက်သပ်လိုက်ရင်း...

"ကျစ် လျှာရှည်တယ် မင်းကိုလေ့ကျင့်ပေးတယ်ဆိုတာက Alien သတိရလာရင် မင်းအကျင့်နဲ့ Alienအကျင့်နဲ့မတူတဲ့အခါ ငါ့အမေသံသယ၀င်မှာစိုးလို့ပေါ့ကွ"

"အော် ဟုတ်ကဲ့"

Jungkook ရုတ်တရက်ထလိုက်ကာ Taehyungကိုလည်း ထဖို့ ဟန်ပြလေသည်..ဒါကြောင့်Taehyungလည်း ထလိုက်လေသည်...ထို့နောက် အခန်းတစ်ခုသို့ခေါ်သွားလေသည်...

"အရင်ဆုံး မင်းလေ့ကျင့်ရမှာက Alienသုံးတတ်တဲ့ ပစ္စည်းတွေကို မင်းသုံးတတ်ဖို့လိုတယ်"

Jungkook ခေါ်ရာကိုလိုက်လာတဲ့ အခန်းထဲဝင်ဝင်လိုက်ချင်း အမွှေးနံက ပျံ့နှံ့လာသည်...လာဗင်ဒါအနံ့လေးပင်..အခန်းကလည်းသပ်ရပ်ပြီး...နေချင်စရာကောင်းလှသည်...ကြည့်ရတာ နေ့တိုင်းသန့်ရှင်းရေးလုပ်ထားဟန်...

♡Be My Husband♡Waar verhalen tot leven komen. Ontdek het nu