Be My Husband-(22)

287 18 3
                                    

ဒီနေ့မနက် Jungkook အမေလာမယ်ဆိုလို့ Taehyung မနက်ကတည်းက အစွမ်းကုန်ပြင်ဆင်ကာ မီးဖိုချောင်ထဲ အလုပ်ရှုပ်နေလေသည်...သိပ်မချက်တတ်ပေမယ့် မရရအောင် ကြိုးစားလေသည်...

"Hyung...အဆင်ပြေရဲ့လား ကျွန်တော်လုပ်ပေးမယ်"

"မလိုဘူး ဖယ်"

"Hyung ထိခိုက်လိမ့်မယ် Hyungက ချက်တတ်တာလည်းမဟုတ်ဘဲနဲ့"

"မင်းအမေကို ငါကိုယ်တိုင်ချက်ကျွေးပါရစေ ဒါမှ အဆင်ပြေမှာလေ"

Taehyung ပြောတာလည်း ဟုတ်တာမို့ ငြိမ်ကျသွားတဲ့ Jungkook...ဒါပေမယ့်လည်း စိတ်ကမရတာကြောင့် ထပ်ပြောလိုက်သည်..

"ဒါဆိုလည်း ကျွန်တော်ဘေးကနေ ကူညီပေးပါရစေ"

Taehyungလည်း Jungkookကိုငြင်းမနေတော့ဘဲ ကူလုပ်ခွင့်ပေးလိုက်သည်...မီးဖိုခန်းထဲ ရောက်ယက်ခက်လိုက် ဗြောင်းဆန်လိုက်ဖြင့် ဟင်းတွေ ချက်နေကြတဲ့သူတို့...အချိန်အတော်ကြာ ချက်ယူပြီးနောက် ပြီးပြည့်စုံသွားပီဖြစ်တဲ့ မိသားစုထမင်း၀ိုင်း...

အချိန်က တိုက်ဆိုက်လွန်းစွာ...Jungkook အမေတို့လည်းရောက်လာခဲ့သည်...Nuna Yong Seoလည်းပါလာပြန်သည်...သူက ဘာလဲ မပြန်သေးဘူးလား ချီးပဲ..

"အမေ ကြွပါ"

Taehyung က တရိုတသေ ကြိုဆိုသော်လည်း မသတီစွာ ကြည့်ခြင်းတွေပဲ ပြန်ရလိုက်သည်...ထမင်းစားခန်းသို့မသွားကြသေးဘဲ ဧည့်ခန်း၌သာ ထိုင်နေကြသည်..Taehyung ကော်ဖီခွက်တို့ ယူလာပြီး ရှေ့သို့ချပေးလိုက်သည်...လူကတော့ မာဖရွန်တောင် မချွတ်ရသေးပေ..

"အမေ နေကောင်းတယ်မလား"

"ငါ့ရုပ်က လူမမာရုပ်ပေါက်နေလို့လား"

Jungkookက ပုံမှန်တိုင်းလေးမေးပေမယ့်လည်း ရွဲ့ကာဖြေကြားလိုက်သော အမေဖြစ်သူ..

"ဟို အမေ"

"ဘယ်သူက နင့်အမေလည်း မခေါ်နဲ့ ကျက်သရေ မရှိဘူး"

Taehyung က အမေလို့ ခေါ်လိုက်ခြင်းကြောင့်ပင်..အနည်းငယ်တော့ တုန်လှုပ်သွားပေမယ့် လက်ကိုလာကိုင်တဲ့Jungkookကြောင့် နွေးထွေးမှုရလိုက်သလို ခံစားရတာမို့ ကြောက်စိတ်တွေက ပြေလျော့သွားခဲ့သည်..

♡Be My Husband♡Where stories live. Discover now