Be My Husband-(7)

129 7 1
                                    

ခြေကို စောင့်ကာ အောင့်ကာ အခန်းထဲသို့၀င်လာသော Jiminရယ်ပါ

ထုံးစံအတိုင်း Yoongi Hyung နဲ့ ရန်ဖြစ်လာပြီထင်တယ်...

"ဘာဖြစ်လာပြန်ပြီလဲ"

"ဘာဖြစ်ရမှာလဲ  ဟိုသူတော်စင်လေးပေါ့ ငါ့Concertပြီးရင် ရုပ်ရှင်လိုက်ပို့ပါဆိုတာကို ပင်ပန်းလို့တဲ့ အိပ်ပြီတဲ့ သေနာကြီး!"

Jungkook ထင်သည့်အတိုင်းပါပဲ Yoongi  Hyung နဲ့ ရန်ဖြစ်လာလေသည်...ဒီလိုပါပဲ Jimin နဲ့ Yoongi ရန်ဖြစ်ပြီဆို Jungkook မှာ နားကို ပေါက်ပေါက်ဖောက်သလိုပင်...

"အော်"

"မင်းပဲ စဥ်းစားကြည့်"

စလာပါပြီ...

"အင်း"

"ငါကကွာ သူ့ကို ငါ့concert လေးမှာ လာအားပေးခိုင်းရုံလေး ဘယ်သူမဆို ကိုယ်ချစ်ရသူအနားမှာရှိရင် အားတက်တယ်လား"

"အင်း"

"အဲ့တာကို ဒင်းက ပွဲကြည့်ထားတာ ပင်ပန်းလို့ဆိုပြီး အိပ်သွားတယ်...တကယ်ပါ နာမည်နဲ့ လိုက်တယ်..ကာလနဂါး၀င်စားထားတဲ့...အဂါးကြီး"

"ခစ်ခစ်"

Jungkook မှာ အမြဲနားထောင်နေရသော်လည်း သူတို့အတွဲရန်ဖြစ်ရင် ချစ်ဖို့ကောင်းသည်...Jimin က အရိုတလိုင်း ဟိုက အအိပ်တလိုင်းဆိုတော့ perfectပါပဲ...

Jiminတို့ အတွဲဟာချစ်သူသက်တမ်း၄နှစ်ရှိပါပြီ...၄နှစ်လုံးလုံး ကြောင်နဲ့ ကြက်လို ကိုက်နေကြတာ...တကယ်မနိုင်တဲ့ အတွဲပါပဲ..

"ဘာရီတာလဲ မင်းက"

"Hyung တို့ ရန်ဖြစ်တာက ချစ်ဖို့ကောင်းလို့"

"မင်းနော်"

"ကဲပါ မပူပါနဲ့ Yoongi Hyung လာချော့ပါလိမ့်မယ် အမြဲသူပဲလာချော့နေကြလေ မဟုတ်ဘူးလား"

ထိုသို့ပြောတော့ မှ စိတ်လျော့လိုက်ပြီး ခုံပေါ်မှာငုတ်တုတ်လေးထိုင်နေလေသည်....ဟုတ်လည်းဟုတ်သည်...ဘယ်လောက်ပဲရန်ဖြစ်ပါစေ Yoongi Hyungက Jimin Hyungကိုသိပ်ချစ်တော့ အမြဲလာချော့သည်....တကယ်ကို လိုက်ဖက်တဲ့ အတွဲလေးပါ..

*Side step right left to my beat*

ဖုန်းသံကြားတော့ Alien ထင်ပြီး အလျင်စလို ကိုင်လိုက်လေသည်....

♡Be My Husband♡Where stories live. Discover now