Be My Husband-(16)🚨

263 11 3
                                    

အိမ်တစ်အိမ်သို့ Jungkook ခေါ်လို့သာ လိုက်လာခဲ့တာ ဘယ်နေရာမှန်းမသိပေ...ကားကို သစ်ပင်အောက်ရပ်လိုက်ပြီး ကားပေါ်ကနေဆင်းကာ Taehyungကို ကားတံခါးလာဖွင့်ပေးနေတဲ့သူ...

"ဆင်း"

Jungkook ပြောသည်နှင့် ကားပေါ်ကနေဆင်းကာမေးလိုက်တော့...

"ဒါက ဘယ်နေရာလဲ"

"ဒီအိမ်မှာ ငါတို့နှစ်ယောက် ခနနေမယ်"

"ဘယ်သူ့အိမ်မို့လို့လဲ"

"ငါနဲ့ Alienနဲ့လက်ထပ်ပြီးရင်နေဖို့ လုပ်ထားတဲ့ အိမ်"

Jungkookရဲ့စကားအဆုံးမှာ ပြိုလဲကျသွားချင်ပေမယ့် မရဘူးလေ သူသိသွားလို့မှမဖြစ်တာ ငါစူ့ကိာချစ်မိနေပြီဆိုတာ သူသိလို့မဖြစ်ဘူး...

ဒီအတိုင်း Jungkook လက်ဆွဲခေါ်ရာလိုက်လာခဲ့သည်...အိမ်ကတော့ အရမ်းကြီးမခမ်းနားပေမယ့် နေချင်စရာလေးပင်...အိမ်ပတ်လည်မှာ ပန်းပင်မျိုးစုံစိုက်ထားသလို အိမ်နောက်ဘက်မှာ သိပ်ကိုကျယ်၀န်းတဲ့ ရေကန်ကြီးရှိသည်...ဘေးပတ်၀န်းကျင်မှာ အိမ်တွေ များများစားစားမရှိတာကြောင့် တိတ်ဆိတ်ကာ အေးချမ်းလို့နေသည်...သူ Alienကို အတော်ချစ်မှန်း ဒီလိုမျိုးတွေက သတ်သေပြနေသလို ကိုယ့်ရင်ဘတ်ကလည်းတစ်ဆစ်ဆစ်နဲ့ နာကျင်နေရသည်...

"လောလောဆယ် ငါတို့ဒီမှာနေမယ် ငါ့အမေဘက်က သဘောတူမှ ဟိုဘက်အိမ်ကိုပြန်သွားကြတာပေါ့"

"Sir ကျွန်တော်တစ်ခုလောက်မေးလို့ရမလား"

"အင်း မေး"

"Sir အမေက Sirနဲ့ Alien ကို လုံး၀သဘောမတူခဲ့ရင် ဘာလုပ်မှာလဲ"

"သဘောမတူလည်း ငါလက်ထပ်မှာပဲ ငါ့အချစ်ရေးက ငါကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်...ဒါကြောင့် ငါ့အမေသဘောမတူလည်း ငါကလက်ထပ်ဖို့၀န်လေးနေမှာမဟုတ်ဘူး"

Taehyungမှာ ခေါင်းတစ်ညိမ့်ညိမ့်သာနေနိုင်တော့သည်...

"တကယ်လို့ အဲ့လိုလက်ထပ်တာတောင် မရရအောင်လိုက်ခွဲရင်ရော"

Taehyungရဲ့ မေးခွန်းကြောင့် Jungkook ဒေါသထွက်သွားဟန်..

"မင်း ပေါက်ကရတွေ မမေးလို့မရဘူးလား မင်းအတွက်စားစရာလုပ်ပေးနေတယ် စေတနာပြတ်အောင်မလုပ်နဲ့..."

♡Be My Husband♡Where stories live. Discover now