Be My Husband-(23)

214 15 0
                                    

Taehyungနဲ့ Jungkook အောက်ထပ်ကိုဆင်းလာတော့ ဧည့်ခန်းထဲကနေ အမေဖြစ်သူက လှမ်းခေါ်လေသည်...Nunaကတော့ရှိမနေပါ..

"သား Jungkook လာအုန်း"

နှစ်ယောက်စလုံးနေရာတွင်ထိုင်လိုက်ကြသည်...

"နောက်နှစ်ရက်နေရင် အမေတို့ပြန်တော့မလို့"

"ဗျာ ပြန်တော့မလို့လား အမေ သားတို့ မင်္ဂလာကိစ္စကရော"

"အဲ့တာက ငါစဥ်းစားအုန်းမယ်အေ"

"အမေ..."

Jungkookက အမေဖြစ်သူကို သံရှည်ဆွဲကာ ခေါ်နေလည်း ဘာမှထူးမလာ..Taehyung Jungkook လက်မောင်းကိုဆွဲလိုက်ပြီး...

"နေပါအုန်း ကိုရယ် အမေ့ကိုစဥ်းစားချိန်ပေးလိုက်ပါ..သူ့သားတစ်ယောက်လုံးကို ပေးရမှာဆိုတော့စဥ်းစားရမယ်လေ"

Taehyungပြောတာလည်းဟုတ်တာမို့ Jungkookတစ်ယောက်ငြိမ်ကြသွားလေသည်...

"Nunaရော!"

Taehyungက မေးလိုက်လေခြင်း..

"မီးဖိုချောင်မှာ အအေးသွားဖျော်ပေးနေတယ်..တွေ့လား အဲ့လိုမိန်းကလေးမျိုးကမှ အိမ်ထောင်ရှင်မပီသတာ"

Jungkook အမေက ခပ်ရွဲ့ရွဲ့ပြောလိုက်သော်လည်း အပြုံးမပျက်ထလိုက်တဲ့Taehyung..

"ကျွန်တော်သွားကူပေးလိုက်အုန်းမယ်"

ထကာထွက်သွားတဲ့ Taehyungကို Jungkookက ပြုံးကာကြည့်နေသော်လည်း မျက်စောင်းထိုးကြည့်နေသူမှာ Jungkook အမေ...

Taehyungမီးဖိုခန်းထဲ၀င်သွားတော့ တစ်စုံတစ်ခုကိုလုပ်နေတဲ့Yong Seo...Taehyungလည်းမသင်္ကာတာနဲ့ နံရံနောက်ကပ်ပြီး ကြည့်နေလိုက်သည်...ဖုန်းဖြင့်ပါvdရိုက်လိုက်သည်..

Yong Seoက အအေးခွက်တစ်ခွက်ထဲကို ဆေးအချို့ထည့်နေဟန်...ဘာဆေးမှန်း ဘယ်သူ့ခွက်ထဲထည့်နေမှန်းမသိပေမယ့် လိုရမယ်ရ သက်သေယူလိုက်သည်...

တစ်အောင့်ကြာတော့ ဖုန်းကိုပိတ်ပြီး Yong Seoဆီသွားလိုက်သည်...ချောင်းဟန့်လိုက်တော့ လန့်သွားဟန် အအေးတွေတောင် အနည်းငယ် ဖိတ်စင်သွားသည်...

"အဟမ့်.."

"Oh God! !"

လန့်သွားပီး ဆေးဘူးကို နောက်ပစ်ကာ ဖွက်လိုက်သည်...

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: May 24 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

♡Be My Husband♡Dove le storie prendono vita. Scoprilo ora