Be My Husband-(18)

203 14 2
                                    

"မင်းက ဒီကိုဘာကိစ္စလဲ ဘာလို့ငါ့ကောင်လေးနဲ့အတူရှိနေရတာလဲ Park Bogum! !"

Jungkook ဒေါသထွက်စွာအော်လိုက်လေသည်...

"မပြောတတ်ဘူးလေ ဖူးစာမို့လို့တွေ့တာနေမှာပေါ့"

"ဘာ!!"

"အာမှားလို့ ရေစက်ပြောတာပါ မင်းကအရင်တိုင်းပဲနော် စိတ်ကြီးနေတုန်းပဲ"

"ကျစ် အဲ့တော့"

Jungkook ကျစ်တစ်ချက် သပ်လိုက်တော့Bogum
က ခနဲ့စွာရယ်လာသည်..

"ဒါနဲ့ Alienက ခင်ဖို့ကောင်းတယ် ချစ်ဖို့လည်းကောင်းတယ်နော်"

"မင်းနဲ့ဆိုင်လား"

သူတို့နှစ်ယောက်ကြားက လေထုမှ အေးစက်လာပြီး...မုန်တိုင်းတောင်ကျရောက်တော့မည့်အခြေအနေ..သူငယ်ချင်းတွေကဘာရန်ညှိုးတွေရှိလဲ Taehyungစဥ်းစားမရတော့...

"စိတ်လျှော့ပါကွာ ငါက ဒီအတိုင်းပြောလိုက်တာပါ..တကယ်ချစ်ဖို့ကောင်းတယ်လေAlien ကြည့်ရတာ ငါနဲ့သူ သူငယ်ချင်းကောင်းတွေဖြစ်နိုင်လောက်တယ်"

"မင်း ပါးစပ်ပိတ်လိုက် ဒီ့ထက်ပိုပြောလာရင် ငါ့အဆိုးမဆိုနဲ့ Park Bogum!"

Jungkook ဒေါကြီးမာန်ကြီးပြောလာတော့ Bogumမှာ ဉာဏ်များတဲ့ မြေခွေးလေးသဖွယ်...

"Alien ပြောပါအုန်း Jungkookကို ကိုယ့်ကိုလာအော်နေတယ်"

Taehyung မှာ Bogumကို မျက်နှာပူတာကြောင့် Jungkook ကိုစိတ်လျှော့ဖို့ပြောရတော့သည်..ကိုယ်နဲ့မဆိုင်ပေမယ့် သူငယ်ချင်းနှစ်ယောက်ဒီလို ပြဿနာဖြစ်တာ လက်ပိုက်ကြည့်မနေနိုင်...

"Sir တော်ပါတော့ စိတ်လျှော့ပါ Sirတို့က သူငယ်ချင်းတွေမဟုတ်ဘူးလား"

"ဘာလည်း မင်းက ဒီကောင့်ဘက်က ၀င်နာပေးနေတာ မင်းလင်ငယ်မို့လို့လား မင်းဖယ်စမ်း"

ဒီတစ်ခါ စကားများသူက Taehyungနဲ့ Jungkookဖြစ်သွားလေသည်...Bogumက တော့ Taehyungရဲ့ အမှတ်တမဲ့ အပြောလေးကြောင့် စဥ်းစားသွားရသည်...

"ခနလေး Alien မင်းအခု Jungkook ကိုဘယ်လိုခေါ်လိုက်တာ Sir ဟုတ်လား ကိုကိုဆို"

"အာ အဲတာကလေ..."

"အလုပ်ထဲမှာခေါ်နေကြမို့ ယောင်သွားတာ"

♡Be My Husband♡Where stories live. Discover now