Be My Husband-(15)

150 5 1
                                    

လက်ကို အတင်းဆွဲကာ အိမ်အပေါ်ထပ်သို့ခေါ်လာလေသည်...ဆွဲတဲ့ဒဏ်က တအား အားပါတာကြောင့် လက်ကောက်၀တ်တောင် ကျိုးမတက်....

"Sir လွှတ်ပေးပါအုန်း တအားနာလာပြီ"

ထိုတော့မှ လက်ကိုဆွဲထားတဲ့ Jungkook အခန်းထဲရောက်တော့မှ လွှတ်ပေးလိုက်သည်...Taehyung မှာ လက်ကောက်၀တ်ကိုကိုင်ကာ ငိုမဲ့မဲ့ဖြစ်နေမိသည် ..ငါဟာယောက်ျားလေးတစ်ယောက် ဒီလို နာကျင်တာလေးက ငါ့အတွက်မပြောပလောက်ဘူး ဘာလို့ မျက်ရည်ဝဲမိတာလဲ 

"တောက် အမေဘာလို့ဒီလိုပြောရတာလဲ ယောက်ျားလေးချင်းတွဲတာဘာအပစ် ရှိလို့လဲ"

"Sir အမေက Sir ကို စိတ်ပူလို့နေမှာပါ တအားကြီးဒေါသမထွက်ပါနဲ့"

"အမေ Nuna ကိုခေါ်လာတာ အလကားမဟုတ်လောက်ဘူး နောက်ကွယ်မှာ ကိစ္စတစ်ခုရှိလောက်မယ်"

Jungkook တစ်ယောက် ၀ရံတာဘက်လှည့်ကာ ခါးထောက်ပြီး သူ့ဘာသူတစ်ယောက်တည်း စကားပြောနေပုံကို တစ်ယောက်သောသူက ပြုံးပြုံးကြီးကြည့်နေမိသည်...

Jungkook မိမိဘက်လှည့်လာပြီး မိမိပုခုံးကိုတင်းကျပ်စွာကိုင်ကာ...

"ဘာဖြစ်ဖြစ် မင်းတာ၀န်က ငါ့အမေမင်းကိုသဘောကျလာအောင် လုပ်ဖို့ပဲ...ဒါမှ ငါနဲ့ Alienရှေ့ရေး အဆင်ပြေမှာ ကြားလား"

Taehyung ကြောင်​တောင်တောင်ဖြင့် ဘာမှပြန်မပြောတာကြောင့် Jungkookမှာ အော်လိုက်သည်...

"ကြားလားလို့ ငါပြောနေတယ်လေ"

"Sir ပြောတော့ တစ်ရက်ပဲဆို"

"ကျစ် မင်းခုအခြေအနေကို ကြည့်အုန်းလေ ငါ့အမေ မင်းကိုသဘောမကျသေးဘူး တစ်ရက်ဖြစ်ဖြစ် ဘယ်နှရက်ဖြစ်ဖြစ် ငါ့အမေ မင်းကိုသဘောကျလာအောင် မင်းလုပ်ရမှာပဲ..."

"ဒါဆို ပိုက်ဆံကရော ပိုက်ဆံက တစ်ရက်စာပဲတောင်းထားတာလေ"

"မင်းက အတော်ငွေမက်တာပဲ"

"ငွေ လား မမက်လို့မရဘူးလေ ကျွန်တော့်လို ဆင်းရဲသားတစ်ယောက်က ငွေလိုချင်တာ ဘာမှားလို့လဲ"

"ဟက်"

Jungkook ခပ်ခြောက်ခြောက် ရယ်မိလိုက်သည်...ဒီတစ်ယောက်က အတော်လေးကို ဆိုးပါလား...

♡Be My Husband♡Where stories live. Discover now