Chapter(30)💛

33 1 0
                                    

ဇိန်း‌ရဲ့စေခိုင်းချက်ကိုငြင်းဆန်ခဲ့သည့်အတွက် သက်တန့်ကိုအပြစ်ဒဏ်ချမှတ်ခဲ့ပုံမှာပြင်းထန်သည်။ရဲတိုက်ဖြူသို့တစ်ရက်တွင်ဇိန်းရောက်လာခဲ့သည်။ဇိန်းရောက်လာသည့်အချိန်ကခေတ္တခဏလေးသာဖြစ်သည်။သို့သော်ထိုခဏတာသည် သက်တန့်အတွက်အိမ်မက်ဆိုးများ၏စတင်ခြင်းဖြစ်သည်။

"သက်တန့်....."

ဇိန်းရဲ့အသံကိုသက်တန့်ရဲ့နားဝတွင်ကျက်သရေကင်းမဲ့စွာကြားလိုက်ရသည်။

"ဘာလာလုပ်တာလဲ ဇိန်း"

"မင်းကငါခိုင်းတာကိုမလုပ်တော့အပြစ်ပေးမလို့"

"သက်တန့်ရှေ့ကထွက်သွားစမ်းပါ"

"ငါ့အပေါ်မှာမမောက်မာစမ်းပါနဲ့ သက်တန့်ရယ်"

ဇိန်းကပြော၍သက်တန့်ရဲ့လက်ကိုဆုပ်ကိုင်လိုက်သည်။ထိုခဏတွင်သက်တန့်၏အာရုံထဲသို့ဝင်လာသောပုံရိပ်တစ်ချို့.......။

"မင်းအတွက်ရေးဆွဲဖို့ပုံလေးတွေပေါ့"

ဇိန်းသည်သက်တန့်အနီးမှထွက်ခွာသွားခဲ့သည်။ထို့နောက်တွင် အရာရာကိုမသိတော့ပဲ ဇိန်းပြသသွားသောပုံရိပ်များကို ရေးဆွဲရန်သာသက်တန့်စဉ်းစားနိုင်တော့သည်။

ရဲတိုက်ဖြူသို့နန်းဆက်ရောက်သွားချိန်တွင် သက်တန့်ရေးဆွဲနေသောပုံများကိုကြည့်၍နန်းဆက်ထိတ်လန့်သွားသည်။

"Honey.....ဘာတွေဆွဲနေတာလဲ။အဲ့ဒါတွေမဆွဲနဲ့တော့"

"သက်တန့် ပုံဆွဲချင်တယ်"

"ကိုယ့်စကားနားထောင်လေ သက်တန့်။အဲ့ဒီပုံတွေကိုမဆွဲနဲ့တော့..."

"ဒါပေမယ့် သက်တန့်ဒီပုံတွေကိုဆွဲဖို့ဆန္ဒရှိနေတာ"

"တော်တော့လို့ကိုယ်ပြောနေတယ်လေ"

သက်တန့်ကစိတ်နှင့်လူမကပ်သလိုနန်းဆက်ကိုကြည့်ရင်းငြိမ်သက်သွားခဲ့သည်။နန်းဆက်လည်းသက်တန့်ဘာဖြစ်နေလဲမသိသဖြင့်ချော့မော့ပြောဆို၍အိမ်ပြန်ခေါ်ခဲ့သည်။ညရောက်သောအခါသက်တန့်သည်အိပ်ပျော်နေရာမှရုတ်တရက်လန့်နိုးသွားခဲ့သည်။ထိုခဏတွင်နန်းဆက်လည်းနိုးလာခဲ့၍ သက်တန့်ကိုစိုးရိမ်တကြီးမေးမြန်းရသည်။

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now