Chapter(38)

16 2 0
                                    

သက်တန့်က မှန်ထဲ၌ပေါ်နေသောမိမိ၏လှပလွန်း‌သည့်ပုံရိပ်ကိုသဘောကျစွာကြည့်ရင်း ဂါဝန်ဇစ်ကိုဆွဲပိတ်လိုက်သည်။ထိုစဉ်တွင် နန်းဆက်ကအခန်းထဲသို့ဝင်လာခဲ့၍ သက်တန့်၏နောက်ကျောဘက်မှပွေ့ဖက်လိုက်ပါသည်။

"Honey.....မင်းသိပ်လှနေတယ်......."

"အဲ့တော့......”

"အဲ့တော့.......ကိုယ့်ရဲ့စိတ်တွေထိန်းလို့မရဖြစ်နေတာ မင်းသိသင့်တယ်"

"နန်းဆက်....ရှင်ဘာတွေကြံစည်နေတာလဲ"

နန်းဆက်ကအဖြေပြန်မပေးပဲ သက်တန့်၏ပခုံးပေါ်တွင်ချည်ထားသောအင်္ကျီ၏ကြိုးစလေးကိုဆွဲဖြုတ်လိုက်ပါသည်။

"နန်းဆက်......."

သက်တန့်၏‌ကျောပြင်ကို နန်းဆက်က မထိတထိနမ်းလိုက်သည်။ထို့နောက် သက်တန့်၏နားရွက်အနီးသို့ကပ်၍ တိုးတိုးလေးပြောသည်။

"ကိုယ်တို့ကစားကြရအောင်"

နန်းဆက်ကပြောရင်း သက်တန့်၏ကျောပြင်ကိုပွတ်သပ်၍ အင်္ကျီဇစ်ကိုဆွဲဖွင့်လိုက်သည်။ထိုနောက် ပေါ်လာသောသက်တန့်၏ကျောပြင်လေးတစ်လျှောက်ကို အနမ်းတစ်ချို့ပေးလာခဲ့ပါ၏။

"ရှင်က အင်္ကျီချွတ်တမ်းကစားချင်နေတာလား နန်းဆက်"

သက်တန့်ကထိုသို့ပြော၍ နန်းဆက်နှင့်မျက်နှာချင်းဆိုင်ရပ်လိုက်သည်။သူမ၏လက်‌ချောင်းများက နန်းဆက်ကို တို့ထိပွတ်သပ်ရင်း ဘောင်းဘီခါးပတ်ကိုဆွဲဖြုတ်လိုက်သည်။

သက်တန့်၏လက်ချောင်းသွယ်သွယ်လေးများက ဘောင်းဘီထဲသို့ထည့်ဝတ်ထားသောနန်းဆက်၏အင်္ကျီကိုဖြည်းဖြည်းချင်းဆွဲနှုတ်လိုက်သည်။ထို့နောက်သက်တန့်သည် နန်းဆက်၏အင်္ကျီကြယ်သီးများကို လက်ကလေးဖြင့်ခပ်ဖွဖွတို့ထိရင်းနန်းဆက်၏မျက်နှာကို ညှို့ငင်သောမျက်ဝန်းတို့ဖြင့်ကြည့်လိုက်ပါ၏။သက်တန့်၏အပြုအမူကြောင့် နန်းဆက်ကရယ်မောလိုက်ရင်း ဤသို့မေးလာခဲ့သည်။

"မင်းလည်း ဒီကစားနည်းကိုကြိုက်တယ်မဟုတ်လား Honey"

ဤသို့မေးလာသောနန်းဆက်၏နှုတ်ခမ်းကို သက်တန့်ကဖွဖွလေးကိုက်၍နမ်းလိုက်သည်။ပြီးတော့ တိုးသဲ့သောလေသံလေးဖြင့် သက်တန့်ကစကားဆို၏။

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now