Chapter(40)

17 1 0
                                    

ထင်မှတ်ထားသောနေ့ရက်ထက် နန်းဆက်ပြန်လာတာနောက်ကျနေခဲ့၏။‌ဆေးရုံတွင်အရေးကြီးကိစ္စများနှင့်အလုပ်ရှုပ်ရင်း ‌ဤသို့နောက်ကျနေခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ကားကိုမြန်မြန်လေးမောင်းနေမိသည်။

အခုလောက်ဆိုရင်သက်တန့်မျှော်နေလောက်ပြီဟုစဉ်းစားမိသောအခါ ကား၏အရှိန်က ပို၍မြန်ဆန်လာခဲ့သည်။အိမ်ပြန်ရောက်သည့်အခါ ချစ်ရသူ၏ စကားသံလေးများကိုနားဆင်ဖို့ ကြိုးစားရဦးမည်။သက်တန့်ကနန်းဆက်စိတ်ကောက်နေဆဲဟုထင်ပြီး ငိုကြွေးနေရှာမှာ။

နန်းဆက်က ဘယ်လိုလုပ်ပြီး သက်တန့်ကို အကြာကြီးမခေါ်ပဲ နေနိုင်မှာလဲ။ပြီးတော့အဲ့ဒီနေ့က ကိစ္စကိုလည်း အမှန်အတိုင်း နန်းဆက်သိသည်။ဇိန်းက နန်းဆက်အထင်လွဲအောင် တမင်လုပ်မှန်းနန်းဆက်သိတာပေါ့။

မိမိမှာ အလုပ်တစ်ချို့ရှိနေသဖြင့် ထိုကိစ္စကိုအကြောင်းပြ၍ သက်တန့်ကိုစိတ်ဆိုးချင်ဟန်ဆောင်ခဲ့တာမဟုတ်လား။သက်တန့်နှင့် ရန်ဖြစ်ပြီးသည့်နေ့ရက်ထဲက ‌လူနာများစွာနှင့် အလုပ်ရှုပ်နေခဲ့သဖြင့် သက်တန့်ကို ဖုန်းပြန်မခေါ်ဖြစ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင်သက်တန့်ကနန်းဆက်ကို ဘာလုပ်နေလဲဟု စပ်စုမှာစိုးရိမ်သောကြောင့် တမင်စိတ်ဆိုးဟန်ဆောင်လျှက် မခေါ်ပဲနေခြင်းလည်းဖြစ်၏။ထိုအကြောင်းကို သက်တန့်ကမသိပဲ ‌ကြေကွဲနေမည်ဟုတွေးမိသောအခါ နန်းဆက်သည်ရင်နာလာရ၏။အိမ်ပြန်ရောက်ရင် သက်တန့်ကိုအရမ်းပဲလွမ်းဆွတ်နေကြောင်းပြောပြရမည်။

ဟိုတစ်ရက်ကပြဿနာရှာခဲ့မိခြင်းကို တောင်းပန်ရမည်။ဤသို့ဖြင့် နန်းဆက်၏ ကားလေးသည် လမ်းဆုံတစ်နေရာသို့ ရောက်လာခဲ့သည်။လေးဘက်လေးတန်တွင်အားလုံးရှင်းလင်းနေသဖြင့် လမ်းဆုံကိုဖြတ်မောင်းလိုက်သည်။

ထိုအခိုက်တွင် နန်းဆက်သည်တစ်စုံတစ်ရာသောစွမ်းအင်တစ်ချို့ကိုအေးစက်စက်နိုင်စွာ ခံစားလိုက်ရ၏။ပုံမှန်မဟုတ်သော အခြေအနေတစ်ခုဟုနန်းဆက်သတိပြုမိချိန်တွင် မိမိဆီသို့ ရုတ်တရက်ပြေးဝင်လာသော အလင်းတန်းကြောင့် နန်းဆက် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now