Chapter(44)

14 3 0
                                    

"မေမေ....."

"သမီးလေး.......မလာနဲ့....."

သက်တန့်၏မေမေက မျှော်စင်အောက်သို့ ပြုတ်ကျသွားခဲ့သည်။သက်တန့်က မေမေဟု အော်ခေါ်ရင်း သူမပြုတ်ကျသွားရာဆီသို့ အပြေးလိုက်သွားခဲ့သည်။‌မျှော်စင်၏ အစွန်းဘောင်ပေါ်သို့ သက်တန့်ရောက်ရှိသွားခိုက်တွင် တစ်စုံ‌တစ်ယောက်က သက်တန့်ကို ပွေ့ဖက်တားမြစ်လိုက်သဖြင့် သက်တန့်၏ခုန်ချလုဆဲဆဲ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့သည်။

သက်တန့်ကသူမကိုပွေ့ချီထားခဲ့သော အသက်၂၅အရွယ်ခန့်ရှိမည့် ကောင်မလေးကိုစိတ်ဝင်တစားငေးမောနေခဲ့သည်။သူမက သက်တန့်ကိုပွေ့ပိုက်ထားရာမှ ကြမ်းပြင်ပေါ်သို့ချပေးလိုက်ပြီး သက်တန့်ကို ဤသို့ပြောပါသည်။

"အဲ့ဒီပေါ်က ပြုတ်ကျသွားရင် မင်း အရမ်းနာကျင်ရလိမ့်မယ် ကလေးမ"

"သက်တန့်ရဲ့မေမေက အဲ့ဒီအောက်ကိုပြုတ်ကျသွားတယ်။မေမေတစ်ယောက်ထဲ ကြောက်နေမှာပေါ့။
သက်တန့်လိုက်သွားမလို့......."

"မင်းကို အဲ့ဒီအောက်မှာရှိနေတဲ့ ကျောက်ချွန်တွေက သွေးတွေအများကြီးထွက်ပြီး နာကျင်အောင်လုပ်လိမ့်မယ်။မင်း မကြောက်ဘူးလား"

"ရှင်က သက်တန့်နာမှာကိုစိတ်ပူလို့လား"

"မင်းက ကလေးလေးပဲ ရှိသေးတာ။ကိုယ့်ကိုရှင်တွေဘာတွေနဲ့ လူကြီးလို စကားပြောနေတာပဲ"

"သက်တန့်ရဲ့ မေမေလည်း အဲ့ဒီလိုပြော‌တာပဲလေ"

"ထားပါတော့.....မင်း အိမ်ပြန်သင့်ပြီ"

"သက်တန့်တစ်‌‌ယောက်ထဲ မပြန်တတ်ဘူး"

"မင်းရဲ့အိမ် ဘယ်နေရာမှာရှိလဲတော့ ပြောပြတတ်တယ်မို့လား"

"ဟုတ်ကဲ့..."

"လာ.......ကိုယ်လိုက်ပို့ပေးမယ်"

ထိုကောင်မလေးကသက်တန့်လက်ကိုဆွဲ၍ ထိုနေရာမှ ထွက်သွားဖို့ပြင်လိုက်သည်။

"သက်တန့်ကို ချီ......"

"မင်းကို ချီရဦးမယ်.....ဟုတ်လား။ကိုယ့်ဘာသာ လမ်းမလျှောက်တတ်ဘူးလား"

"မေ‌မေဆိုရင် သက်တန့်ကို ချီတယ်။သက်တန့်ရဲ့မေမေ့ကို သွားခေါ်ပေး....."

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now