Chapter(60)

44 2 0
                                    

ပြန်လည်မွေးဖွားလာခဲ့သောဘဝသစ်တွင် သက်တန့်သည်နန်းဆက်ကိုမ‌မေ့ခဲ့ပါ။နှလုံးသားထဲ၌ နက်ရှိုင်းစွာအမြစ်တွယ်နေခဲ့သော နန်းဆက်ထည်ဝါဆိုတဲ့အမျိုးသမီးလေးကိုဘယ်သူ့အကူအညီမှမလိုပဲ မှတ်မိနေခဲ့တယ်ဆိုရင်........အဲ့ဒါသည်သက်တန့်ရဲ့ကံကြမ္မာပဲဖြစ်လိမ့်မည်။

သက်တန့်၏နာမည်ကိုသက်တန့်မသိတတ်သေးသည့်ကလေးဘဝ၌သာ မိဘများကသူတို့စိတ်ကြိုက်နာမည်ကင်ပွန်းတပ်နိုင်ခဲ့ကြသည်။သက်တန့်စကားပြောနိုင်လာသောအရွယ်တွင် မိမိကိုယ်မိမိသက်တန့်မျှော်စင်ဟုသာခေါ်‌ဝေါ်သုံးနှုန်းခဲ့၏။

ဤသို့ဖြင့်........သက်တန့်အရွယ်ရောက်လာသောအခါ.........။

*********

ကျောင်းစာကြည့်တိုက်တွင်headphoneကိုတပ်ရင်းLaptopတစ်ခုနှင့်စာအုပ်များကြားတွင်အလုပ်ရှုပ်နေသောကောင်မလေးတစ်ယောက်ရှိနေ၏။

သူမသည်သွက်လက်ထက်မြက်သောဟန်ပန်နှင့်ခပ်စူးစူးရှိနေသောမျက်ဝန်းလေးများကိုအနက်ရင့်ရင့်အရောင်ဖြင့်ဘောင်ကွပ်ထားရင်းနီစွေးသောနှုတ်ခမ်းနီရဲရဲလေးကိုဆိုးထား၏။

သူမလေး၏ဟန်ပန်သည်ဆယ်ကျော်သက်ကောင်မလေးတစ်ဦး၏တက်ကြွလန်းဆန်း‌သောဟန်ပန်အပြည့်အဝရှိနေပြီးမိမိကိုယ်မိမိယုံကြည်မှုရှိဟန်ပေါ်လွင်နေပါသည်။

"သက်တန့်......ဘာတွေအသဲအသန်ရှာဖွေနေတာလဲ"

"အိမ်မက်မြို့ဟောင်းကိုရှာနေတာ"

"အိမ်မက်မြို့ဟောင်း.......ဟုတ်လား"

သက်တန့်သည်သူငယ်ချင်းဖြစ်သူကိုခေါင်းအသာညိတ်ပြရင်း laptopကိုပိတ်၍ကျောပိုးအိတ်ကိုကောက်လွယ်ရင်း ကျောင်းစာကြည့်တိုက်ထဲမှထွက်လာခဲ့သည်။ထိုသူငယ်ချင်းနှင့်စကားဆက်‌ပြောချင်စိတ်မရှိသဖြင့်ထိုနေရာမှထွက်လာခဲ့ခြင်းလည်းဖြစ်သည်။

သက်တန့်သည် နန်းဆက်ထည်ဝါ၏အကြောင်းမှလွဲ၍ အခြားအရာများကိုမကြားချင်.....မစဉ်းစားချင်ပါ။သက်တန့်၏ခေါင်းထဲတွင်နန်းဆက်အကြောင်းများသာပြည့်နှက်နေခဲ့သဖြင့်အခြားအရာများကိုတွေးတောပြောဆိုလိုစိတ်မရှိခဲ့ခြင်းဖြစ်လိမ့်မည်ထင်၏။

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now