Chapter(5)

96 9 2
                                    

နန်းဆက်ကသက်တန့်ဆီသို့ ဖုန်းခေါ်လိုက်သည်။

"ဟယ်လို......နန်းဆက်"

"မနက်ဖြန်ကျရင်မင်းကိုလာခေါ်မယ်။ကိုယ့်ရဲ့အိမ်မှာ မင်းအတွက်အလုပ်လုပ်ဖို့ ပြင်ဆင်ပေးထားတယ်။မင်းလာဖို့ ကြိုးစားပေးနိုင်မလား"

"အင်း....သက်တန့် ကြိုးစားကြည့်မယ်လေ"

"အိုကေ.....မနက်ဖြန်မှ တွေ့ကြတာပေါ့ ကလေးမ"

********

နန်းဆက်ကသူမ၏အိမ်သို့ သက်တန့်ကို ခေါ်ဆောင်သွားခဲ့ပါသည်။သက်တန့်က ဘယ်သူမှမရှိပဲ တိတ်ဆိတ်ငြိမ်သက်နေသော နန်းဆက်၏အိမ်ကိုကြည့်ရင်းမေးမြန်းလာခဲ့သည်။

"ရှင်က တစ်ယောက်ထဲနေတာလား။မိသားစုမရှိဘူးလား"

"ဘယ်သူ့ကိုမှ မင်းမတွေ့ဘူးမဟုတ်လား။ဒါဆိုတစ်ယောက်ထဲပေါ့။မင်းက သိပ်စပ်စုတာပဲ"

နန်းဆက်၏လေသံက အနည်းငယ်မာနေသဖြင့် သက်တန့်ပခုံးတွန့်လိုက်ရင်း

"သက်တန့်က ဒီအတိုင်းမေးလိုက်တာပါ။ရှင်မကြိုက်ရင် စိတ်မကောင်းပါဘူး”

နန်းဆက်ကသက်တန့်၏စကားကိုမည်သည့်မှတ်ချက်မှမပြုခဲ့ပါ။သူမက

"မင်းအလုပ်လုပ်ဖို့ စီစဉ်ထားတဲ့အခန်းကိုသွားကြရအောင်။မင်းရဲ့စိတ်ကူးတွေကို လက်တွေ့ကြိုးစားကြည့်ကြတာပေါ့"

သက်တန့်က တစ်နေကုန်အမျိုးမျိုး ကြိုးစားရေးဆွဲနေသော်လည်း စိတ်တိုင်းကျလောက်သည့် ပုံတစ်ခုတစ်လေမှ မရရှိခဲ့ပါ။

သက်တန့်၏စိတ်အာရုံတွေက ထွေပြားနေခဲ့၏။အလုပ်ကို အာရုံမစိုက်နိုင်ခြင်းသည် ဘယ်လိုအရာကြောင့်လဲ.....‌။

သက်တန့်ရေးဆွဲလိုသော ပုံရိပ်များက သူမ၏ဘဝတစ်လျှောက်တွင် အိမ်မက်ဆိုးများအဖြစ် သက်တန့်ကို ခြောက်လှန့်နေခဲ့သောဖြစ်စဉ်တစ်ခုဖြစ်သည်။ထို့ကြောင့် စာရွက်ပေါ်တွင် ရေးဆွဲလိုက်တိုင်း အသက်ဝင်နေတတ်သည်ကို သက်တန့် ကောင်းကောင်းသိ၏။

သို့သော် ယခုဘာလိုများ ၎င်းပုံရိပ်တို့ကို ရေးဆွဲလို့မရပါသလဲ။သက်တန့်သေချာမသိပါ။သေချာတာက နန်းဆက်ကြောင့်ဖြစ်နိုင်၏။

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now